Tuesday, September 11, 2012

မန်းမြို့တော်ဝန်၊မြရည်နန္ဒာ၊အောင်သာယာမှကျူးကျော်များကိုတွေ့ဆုံ


မန္တလေးတိုင်းဒေသကြီှး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့မွန်းလွဲ ၁နာရီက မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးအောင်မောင်း၊ တာဝန်ရှိသူများမှ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်များရှိ ကျူးကျော်နေထိုင်သူများ ကို ဖိတ်ကြားကာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးအောင်မောင်းမှ ကျူးကျော်နေထိုင်သူများ ကို ဖယ်ရှားရန် သတ်မှတ်ပေးထားသည့် သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သည့်အတွက် စက်တင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ကြားအတွင်း ကျူးကျော် ၀င်းခြံခတ် နေထိုင်သူများမှ ဖယ်ရှားပေးကြရန်နှင့် မဖယ်ပါက သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း CJMyanmar မှ သတင်း ရရှိသည်။ 
From -CJM

No comments:

Post a Comment