Tuesday, September 4, 2012

အမျိုးသားရေး သစ္စာဖောက်ဟုခေါ်ဆိုကြသော ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုတည်ထောင်သူများတွင် တစ်ဦး အပါအ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိ လာကြောင်းသိရသည်။
၎င်းမြန်မာနိုင်ငံသို့လာရောက်မှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ဒီဗွီဘီ သတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးအား လက်ရှိ ဖြစ်ပွားေ နသော ဒီဗွီဘီ ရုံးတွင်းကိစ္စရပ်များဖြေရှင်းရန်လာရောက်ခြင်း ဟုတ်မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဟန်ညောင်ဝေ အနေဖြင့် ဒီဗွီဘီ ရုံးတွင်း ကိစ္စရပ်များအပေါ် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသည့် ရုံးတွင်းကိစ္စများဖြေရှင်းရန်လာရောက်ခြင်း မဖြစ်နိုင်ကြောင်း၊ အစိုးရ ပိုင်းတာဝန်ရှိသူများနှင့် အကြောင်းကိစ္စ တစ်စုံတစ်ရာရှိခြင်းကြောင့် လာရောက်ခြင်းဖြစ်နိုင်ကြောင်း၊ ၄င်း လာရောက် ခြင်းကို မိမိတို့မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်အရေးအခင်းတွင် သတင်းများကိုအမှားအမှန်မခွဲခြားပဲ တစ်ဖက်သက် ရေးသားခဲ့သည်အပေါ် ပြည်ပ ဒီဗွီဘီ သတင်း ဌာန အပေါ်မြန်မာနှိုင်ငံသားများအထူးမကျေမနပ်ဖြစ်ခဲ့ကြသည်။

No comments:

Post a Comment