Tuesday, September 4, 2012

ဒညင်းကုန်းအုတ်စက်ရုံ ခိုကိုးရာမဲ့အလုပ်သမားများ နှင်ထုတ်ခံရခြင်းအပေါ် တရားမျှတမှုမရှိကြောင်း အင်းစိန်းမြို့နယ် သံဃာ့နာယကဆရာတော်သုံးသပ်

ရန်ကုန်တိုင်းဒေသကြီး အင်း စိန်မြို့နယ် ဒညင်းကုန်းအုတ်စက် ရုံကို စနစ်တကျ တင်ဒါခေါ်ယူ ခြင်းမရှိဘဲ ပုဂ္ဂလိကသို့ လွှဲအပ် လိုက်ပြီးသည့်နောက် စက်ရုံတာ ၀န်ရှိ ပုဂ်္ဂိုလ်များအနေဖြင့် စက်ရုံ နေ့စားဝန်ထမ်း (၄၀၀)ခန့်အား လက်ရှိမှီခို နေထိုင်လျက်ရှိသော စက်ရုံပိုင်မြေအတွင်းရှိ တဲများမှ (၁၀)လပိုင်း (၄)ရက်နေ့နောက် ဆုံးထားကာ ဖယ်ရှားပေးရမည် ဟု စာထုတ်ပြန်ခြင်းနှင့်ပတ် သက်၍ စက်ရုံနေ့စား အလုပ်သ မားများကို နှင်ထုတ်ခြင်းအပေါ် တရားမျှတမှု လုံးဝမရှိကြောင်း အင်းစိန်မြို့နယ် သံဃာ့နာယက ဆရာတော် ဦးပညောဘာသက သုံးသပ်ပြောကြားသွားခဲ့သည်။
““သူတို့လေးတွေဟာ သူတို့ ရဲ့ နေရပ်တွေကို စွန့်လာပြီး ဒီမှာ အလုပ်လုပ်ကြတယ်။ အားလုံးက ဦးဇင်းရဲ့ ဒကာ၊ ဒကာမ တွေပါ။ သူတို့ခမျာ စက်ရုံမှာ နေ့စားလုပ် ပြီး ရတဲ့ငွေလေးတွေကိုလည်း မရှိ မဲ့ရှိမဲ့ ကျောင်းအတွက်လည်း လှူ ကြတန်း ကြရှာပါတယ်။ ခု သူတို့ တွေကို (၁၀)လပိုင်း (၄)ရက် နောက်ဆုံးထားပြီး စက်ရုံမြေပေါ် က ဖယ်ရမယ်လို့ အမိန့်ထုတ် တယ်။ ဦးဇင်းကတော့ သူတို့လေး တွေကို ဦးဇင်းကျောင်းမှာ လာနေ လို့ပြောလိုက်တယ်။ အမှန်တော့ ဒီ နေ့စား အလုပ်သမားတွေဟာ သူတို့ဆီမှာ အလုပ်လုပ်ပေးနေ တာလေ။ ဒီလိုနှင်ထုတ်မယ်ဆို တော့ ဘယ်တရား မလဲ။ သဘော က လူလူချင်း ဒီလိုလုပ်တာတော့ ဘယ်သင့်မလဲ။ သူတို့တွေခမျာ မှာလည်း ဒီ စက်ရုံကြီးကောင်း ရာကောင်းကြောင်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ် လုပ်ပေးခဲ့ကြ တာပဲလေ။ ဟိုး အရင်တုန်းကတည်းကလည်းလုပ် ပေးခဲ့ ပြီးပြီလေ။ ဥပမာ ဒီအလုပ် သမားတွေအနေနဲ့ အလကား သက်သက် လိုက်နှောင့်ယှက်နေ တယ်ဆိုလည်း နှင်ပေါ့။ သူတို့မှာ ရတဲ့ငွေလေးက နည်းနည်းနဲ့ စက် ရုံအတွက်လုပ်ပေးနေတာ။အဲသလို ခိုကိုးရာမယ့်လေးတွေကို ဒီလို မတရား နှင်ထုတ်တာတော့ လုံးဝ သဘာဝမကျဘူး။ တာဝန်ရှိသူ တွေအနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှုနဲ့ ဒီစက်ရုံ က နေ့စားခိုကိုးရာမဲ့တွေအတွက် ဘယ်လိုနေရာချထားပေးသင့် တယ်။ ဘယ်လို စီစဉ်ပေး ရင် ကောင်းမယ် ဆိုပြီး တွေးပေးရမှာ ပေါ့။ ဒါက လူကြီးတွေရဲ့ သိက္ခာ ပဲလေ။ ငါကတော့ လူကြီးပဲဆို ပြီး မတရားအနိုင် ကျင့်တာတော့ ဘယ်ကောင်းမလဲ။ ဦးဇင်းက တော့ စက်ရုံက နေ့စားလုပ်နေရှာ တဲ့ ဒကာ၊ ဒကာမတွေ ကိုတော့ ဥမကွဲသိုက်မပျက်ဘဲ ရှိနေစေချင် တယ်””ဟု ပညာရောင်ခြည် ကျောင်းထိုင်နှင့် အင်းစိန်မြို့နယ် သံဃာ့နာယက သက်တော်(၆၈) နှစ် ၀ါတော် ၄၉ ၀ါရှိ ဆရာတော် ကြီး ဦးပညောဘာသက ပြော ကြားသည်။
အဆိုပါ ဒညင်းကုန်း စက် ရုံကို တင်ဒါခေါ်ယူခြင်းလုံးဝ မရှိဘဲ ပုဂ္ဂလိကသို့ လွှဲအပ်ပြီးသည့် နောက်ပိုင်းတွင် လွှဲပြောင်း ရယူသူ များက စက်ရုံပိုင်မြေအတွင်း မိမိ တို့၏ ချွေးနှဲစာများဖြင့် တဲများ ထိုးကာ ခိုလှုံနေရရှာသော နေ့ စားအုတ်စက် အလုပ်သမားများ ကို လုပ်ငန်းအတွက် မလိုအပ် တော့ကြောင်း၊ ထို့ကြောင့် သတ် မှတ်ရက်အတွင်း နေထိုင်ရာနေရာ များမှ ဖယ်ရှားပေးရ မည်ဖြစ် ကြောင်းနှင့် နေရပ် များသို့ ပြန် ရန် လမ်းစရိတ်ကျပ် ၁၅၀၀၀ စီ ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ ပါသော် လည်း ယင်းစက်ရုံ၌ နေ့ စားလုပ်နေသူအများစုမှာ လွန်ခဲ့ သည့်နှစ်ပေါင်း ၁၀၊၂၀၊၃၀ ခန့်မှ စကာ စက်ရုံ၌ လုပ်ကိုင် လာခဲ့သူ များဖြစ်နေသဖြင့် မိမိတို့ မွေးရပ် ဇာတိမြေအား မှတ်မိခြင်းမရှိ တော့ဘဲ ယခုနေရာတွင်သာ မှီခို နေရကြောင်း သိရှိရသည်။

No comments:

Post a Comment