Wednesday, September 26, 2012

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ နဝမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ နဝမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာပြုလုပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ခေါင်းဆောင်ေ တွလည်းပထမဆုံး အကြိမ် အဖြစ် ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါတယ်။



ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးပွဲမှာ ရန်ကုန်တက္ကသိုလ်ဆရာ၊
ဆရာမများအသင်း ဥက္ကဋ္ဌ သမိုင်းဌာန တွဲဖက်ပါမောက္ခ ဦးဥက္ကာမြ ဦးဆောင်တဲ့အဖွဲ့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ပူးပေါင်းလာတာဟာ အဖွဲ့ရဲ့လုပ်ဆောင်မှုကို ပိုအားကောင်းလာစေတယ်လို့ ဒီကနေ့ အစည်းအဝေးပွဲကို တက်ရောက်သူ (၈၈) မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုဗသက်အောင်က RFA ကို အခုလိုပြောပါတယ်။

"'ဒီလိုမျိုး ဆရာ၊ ဆရာမတွေက ပူးပေါင်းလာတာ ကျွန်တော်တို့ တိုင်းပြည်အတွက်ကောင်းတာပေါ့ ၊ လက်ရှိဆရာ ဆရာမတွေ ပူးပေါင်းပါဝင်တော့ ကျောင်းသားနဲ့ဆရာတွေကြားမှာပိုပြီးတော့ နားလည်မှုတွေ ရလာမယ်၊ လက်ရှိကျောင်းသားတွေရဲ့ ဘဝကို ဆရာ ဆရာမတွေက နားလည်မယ်၊ ကျွန်တော်တို့ တက္ကသိုလ်ဆိုင်ရာ စာတမ်းဖတ်ပွဲတွေလည်း လုပ်ဖို့အတွက် ပိုပြီးတော့အားကောင်းတာပေါ့၊ "

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အအုံ
ပြန်လည်တည်ဆောက်ရေးအဖွဲ့ရဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ စာစောင်ထုတ်ဝေရေးကော်မတီ၊ ပန်းချီပြခန်းကော်မတီနဲ့ သမိုင်းနှင့် သုတေသန မှတ်တမ်းကော်မတီ ဆိုတဲ့ ကော်မတီသုံးခု ဖွဲ့စည်း လိုက်ပြီး နိုဝင်ဘာလပထမပတ်နဲ့ဒုတိယပတ်အတွင်း ရန်ကုန်တက္ကသိုလ် ယုဒသန်မှာ ပြုလုပ်မယ့် ပန်းချီပြပွဲကို "ရှင်သန်ဖူးဝေ ကံ့ကော်မြေ" အဖြစ် နာမည် အတည်ပြုတာတွေ ပါဝင်ခဲ့ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ကော်မတီတွေမှာ ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများ အသင်း ၊ (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ ဗ.က.သ များအဖွဲ့ချုပ်၊ တကသများ အဖွဲ့ချုပ်စတဲ့ အသင်းအဖွဲ့တွေက အသီးသီးပါဝင်ကြမှာ ဖြစ်ပါတယ်။
 
From -RFA

No comments:

Post a Comment