Sunday, September 2, 2012

မြန်မာ့ရုပ်ရှင် လောက ပြန်လည် ထူထောင်ရန် ခေတ်မီ စတူဒီယိုများ ဖန်တီးရန်လို


မြန်မာနိုင်ငံတွင် ၁၉၂၀ ခုနှစ်မှ စတင် ပေါ်ထွန်းခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည့် မြန်မာရုပ်ရှင်ကို ပြန်လည် ထူထောင်ရန် (ရုပ်ရှင် ရိုက်ကူးရေးကွင်း) ခေတ်မီ စတူဒီယိုများ ဖန်တီးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက စက်တင်ဘာလ ၂ ရက်နေ့က ပြောကြားသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာ့ရုပ်ရှင် စတူဒီယိုများ ထူထောင်ရန် မြေနေရာ ဌားရမ်းခြင်း၊ သို့မဟုတ် ဈေးလျှော့ ရောင်းချပေးခြင်းများ ပြုလုပ်စေချင်ပြီး မြန်မာ့ရုပ်ရှင် ဇာတ်လမ်းကောင်းများ ဖန်တီးရန် ခေတ်မီ စတူဒီယိုများ ထူထောင်ဖို့ လိုကြောင်း မြန်မာရုပ်ရှင် အသိုင်းအ၀ိုင်းနှင့် ပြည်ထောင်စု ဝန်ကြီးများနှင့် တွေ့ဆုံပွဲတွင် ၄င်းက ရှင်းပြသည်။

သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကမူ ရုပ်ရှင် အနုပညာရှင်သမားများအနေဖြင့် အစိုးရနှင့် ပြည်သူကြားတွင် ပေါင်းကူးပေးနိုင်သည့် အတွက် အစိုးရနှင့် ပြည်သူကြားတွင် ယုံကြည် နားလည်မှု ပိုမိုမြင့်တက်လာစေရန် အနုပညာဖြင့် ဆက်စပ်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

“ အမှောင်တရားဟာ အမှောင်ကို မောင်းမထုတ်နိုင်ပါဖူး။ အလင်းရောင်တရားက သာ မောင်းထုတ်နိုင် ပါတယ်။ အမုန်းတရားကို အမုန်းတရားက မောင်းမထုတ်နိုင်ပါဖူး။ မေတ္တာတရားကသာမောင်းထုတ်နိုင်ပါတယ် ဟု ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ရုပ်ရှင် အနုပညာရှင်များနှင့် ပထမဆုံး တွေ့ဆုံ စဉ် ပြောကြား လိုက် သည်။

No comments:

Post a Comment