Friday, September 7, 2012

ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွာမည်

From- 7Day News Journal

ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ မြန်မာပြည်သူ နှစ်ထောင်ခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း အာဆီယံဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. David L Carden နှင့် အာဆီယံ-အမေရိကန် ထင်ပေါ်ကျော်ကြားသူများအဖွဲ့ဝင်များက စက်တင်ဘာ ၆ ရက် တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကိုကာကိုလာမှာ မြန်မာနိုင်ငံ၌ ပထမဆုံး ရင်းနှီးမြှုပ်နှံသော အမေရိကန် ကုမ္ပဏီဖြစ်ပြီး၊ အခြား အမေရိကန် ကုမ္ပဏီများလည်း လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ က ပြောသည်။

ထို့အပြင် အမျိုးသမီးများအတွက် Pact အဖွဲ့နှင့် မိတ်ဖက်ဆောင်ရွက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ အမျိုးသမီး နှစ်သောင်းခန့် အလုပ်အကိုင် ရရှိစေမည်ဖြစ်ကြောင်း ၄င်းတို့က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ် ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment