Tuesday, September 11, 2012

ကလေးစစ်သားမိခင် (ILO)ထံတိုင်ကြား

အရွယ်မရောက်သေးသည့် အသက်(၁၈)နှစ်အောက် ကလေး စစ်သား မောင်ကြည်လွင် အားစစ်တပ်ကနုတ် ထွက်ခွင့်ပြုရန် မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နိုင်မှ ရန်ကုန်မြို့ ထရိတ်ထားဟော်တယ်ရှိ အပြည်ပြည် ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ ထံသို့ စက်တင်ဘာလ(၁၀)ရက်ေ န့တွင် တိုင်ကြား လို က်ပြီးဖြစ်ကြောင်း သိရှိ ရသည်။

မောင်ကြည်လွင် သည် လွန်ခဲ့သော ၂၀၁၀ခုနှစ် (၄)လပိုင်းတွင် မိဘများနှင့်အတူဈေးရောင်းဈေးဝယ်လုပ် ကိုင်ရင်း ပျောက်ဆုံးသွားခဲ့ရာမှ  ကလေးစစ်သားအဖြစ်စုဆောင်းခံရတာ ဖြစ်ပါတယ်။ ထို့နောက် သပိတ်ကျင်း
အမှတ်(၂)စစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ခဲ့ရပြီး အမှတ်(၅၇၅) ခမရ တပ်ရင်း မိုင်းပန်မြို့တွင် ကိုယ်ပိုင်အမှတ် တ-၄၃၆၄၆၅ ဖြင့်စစ်မှုတာဝန်ထမ်းဆောင် နေဆဲဖြစ်ပါသည်။ အသက် (၁၅) နှစ်မပြည့်ခင်မှာကလေးစစ်သားအဖြစ် သွတ်သွင်းခံရတာဖြစ်ပြီး ယနေ့အချိန်အထိအသက်(၁၇)နှစ်မပြည့်သေး သော်လည်း စစ်မှုထမ်းဘ၀ကိုရောက်ရှိနေသည်မှာ(၂)နှစ်တာအချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။“ ကျမသားလေးအခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်မှုထမ်းရတာကိုကျမစိတ်မချမ်းသာဘူး။ သားလေး ရှေ့တန်းထွက်မယ်လို့ ဖုန်းဆက်တိုင်းကျမအရမ်းခံစားရတယ်။ ကျမတို့မိသားစုက ဈေးရောင်းဈေးဝယ်လုပ်ကိုင်စားတဲ့မိသားစုဖြစ်သည့်အတွက် ကျမသားလေးရှိရာကို သွားချင်ပေမယ့်
ကျမတို့မှာ လမ်းစရိတ်တောင် မရှိလို့ မသွားနိုင်ခဲ့ဘူး။ပြီးခဲ့တဲ့(၇)လပိုင်းက သားလေးဆီကဖုန်းဆက်တယ် သူရှေ့တန်းထွက်ရမယ်တဲ့ (၉)လပိုင်းမှပြန်ရောက် မယ်လို့လည်းပြောတယ်။ ရှေ့တန်းထွက်ပြီးအခုချိန်ထိတော့
ဖုန်းမဆက်သေးဘူး။ ကျမအ ရမ်းစိတ်ပူနေရတယ်။ ကျမတို့ရပ်ကွက်နားကအသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် စစ်တပ်ထဲကနေ မိဘတွေဆီပြန်ရောက်လာတော့ ဘယ်လိုပြန်ရောက်လာလည်း လို့စုံစမ်းကြည့်တယ်။ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့က ကလေးစစ်သားကိစ္စနှင့်ပတ်သက်ပြီး အကူအညီပေးတယ်လို့သိခဲ့ရတယ်။ ကျမလည်းပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ထံကို သွားရောက်အကူအညီတောင်ခဲ့ပါတယ်။လမ်းပြကြယ်အဖွဲ့၏ အကူအညီဖြင့် ပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့ထံကိုလက်မှတ်ထိုးတိုင်ကြားဖြစ်ခဲ့ပါသည် ”ဟု မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နိုင်မှပြောကြားပါသည်။  အရွယ်မရောက်သေးသည့် ကလေးစစ်သား မောင်ကြည်လွင်၏ မွေးသက္ကရာဇ်မှာမွေးစာရင်းအရ ၁၉၉၅ ခုနှစ် စတင်ဘာလ (၁၁) ရက်နေ့ဖြစ်ပြီး အမှတ်(၆၂၁)၊ဂျိုးဖြူလမ်း၊ ရဲစုအနောက်ကွက်သစ်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မိဘများနှင့်အတူ နေထိုင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
 
အဖေ့သား(ပဲခူး)

From-HotNewsJournal

No comments:

Post a Comment