Tuesday, September 4, 2012

မင်းကိုနိုင်နှင့် စုစုနွေးကို John Humphery Award ဆု ပေးအပ်

ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော John Humphery Freedom Award ဆုကို ၁၉၉၉ ခုနှစ်၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိခဲ့သော ကိုမင်းကိုနိုင် အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေသည့် ဒေါက်တာသောင်းထွန်းက စက်တင်ဘာ၃ရက်နေ့ ညနေ ၆း၀၀ အချိန်တွင် ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းတွင် ဆုတံဆိပ် လာရောက်ပေးအပ်ခဲ့ပါသည်။John Humphery Freedom Award ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့ပါသည်။ 

No comments:

Post a Comment