Friday, September 14, 2012

ဘင်္ဂလီမူဆလင်များက ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့အား နိုင်ငံသစ်နှင့် နိုင်ငံသား လိုကြောင်းဆို

teknaf-pic-12-09-12-300x208အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ေ ထာက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yunနှင့်အတူ (၃) ဦးအား ဘင်္ဂလီ ဒုက္ခသည်များ က နိုင်ငံသစ်နှင့် နိုင်ငံသား လိုချင်ကြောင်း ဆိုင်းဘုတ်များဖြင့် ယမနေ့က တောင်းဆိုလိုက်သည်။
Mr. Joseph Yunနှင့်အဖွဲ့မှာ ယမနေ့က ဒက္ကားမှတဆင့် ကော့စ်ဘဇားသို့ လေယဉ်ဖြင့် နံက် (၁၁) နာရီ (၄၀)မိနစ်တွင် ရောက်ရှိလာပြီး ကော့စ်ဘဇားခရိုင်မှူး မိုဟာမတ် ဇော်ရ်နုလ် ဘာရီ၊ ရဲထောက်လှမ်းရေး
ဘာဘူလ် အာက်တာရ်၊ ဒုက္ခသည်များကို ကူညီဆောင် ရွက်ပေးနေသူ ဆာလာဟ် အူဒိန်တို့နှင့် နေ့လည် (၁) နာရီတွင် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်၍ ညနေဘက် အိုခီးယာမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းသို့ အရောက်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆိုင်းဘုတ်များဖြင့် တောင်းဆိုမှုကြောင့် ယမနေ့က တာခ်နာမြို့နယ် နော်ရာပါရာ ဒုက္ခသည်စခန်းသို့ သွားရောက်စုံစမ်းရန်ကို ချန်လှပ်ထားခဲ့ပြီး ယနေ့သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။
Mr. Joseph Yunနှင့်အဖွဲ့က ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်များနှင့် ဒေသခံ အိုခီးယားမြို့နယ် စေယန်မန် (ဥက္ကဌ) ဆာဟ် ဇာလာလ် စိုဒူးရီနှင့် မြို့နယ်အရာရှိကြီး မိုဟာမတ် ဇော်ဟိရုလ် အီစ္စလာမ်တို့အား တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းဆွေးနွေးပွဲတွင် "ဒေသခံက ဘင်္ဂလီတို့ဟာ နိုင်ငံအ၀ှမ်း (၄) သိန်းကျော်ရှိကြောင်း၊ ဆွေမေရ်ဈေးကို သိမ်းပိုက်ထားကြောင်း၊ နိုင်ငံအ၀ှမ်းခိုးမှု၊ ဓါးပြမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု၊ အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူဖေါက်ကားမှုနှင့် ရာဇ၀တ်ပြစ်မှုများကို ကျူးလွန်နေကြကြောင်း၊ အဲလိုနိုင်ငံအတွင်း ရာဇ၀တ်ပြစ်မှုဆိုင်ရာများတွင် ပူးပေါင်းပါဝင် လုပ်ဆောင်နေမှုကြောင်း ဒေသခံလူထုအနေဖြင့် မြန်မာသို့ အလျင်အမြန်ပြန်လည်ပို့ဆောင်ရန် တောင်းဆိုကြောင်း ပြောခဲ့ကြောင်း။" ယနေ့ထုတ် DAINIK COX'S BAZAR သတင်းစာတွင် ဖေါ်ပြထားသည်။
မစ္စတာ ဆာဟ် ဇာလာလ် စိုဒူးရီက "ကျွန်တော်တို့အဲသလို တင်ပြတောင်းဆိုနေချိန်မှာ Mr. Joseph Yunနှင့်အဖွဲ့တို့ နားထောက်ရှိနေ သော်လည်း တစ်ခုမှကြားဝင်မပြောခဲ့ကြောင်း။" သတင်းစာကဆိုသည်။
Mr. Joseph Yunနှင့်အဖွဲ့ အနေဖြင့် ဘင်္ဂလီဒုက္ခသည်များရှေ့သို့ သွားရောက်ပြီး ယင်းတို့၏ စကားများကို နားထောင်ချင်ကြောင်း ပြောကြားချိန်တွင် ဖေါ်ပြပါ ဒေသခံခေါင်းဆောင်များနှင့် ဘင်္ဂလာ UNHCR အကြီးအကဲများအတူ ရှိနေခဲ့ကြောင်း ဒေသခံသတင်းထောက် တစ်ဦးက ထုတ်ဖေါ်ပြောသည်။
ကိုတိုးပါလောင်စခန်းတွင် နှစ်ပေါင်း (၂၁) နှစ်ရှိနေပြီးဖြစ်သော မိုဟာမတ် အီစ္စလာမ်ဂင်က "ကျွန်တော်တို့ဟာ ခုချိန်ထိ လူသားတစ်ယောက်ကဲ့သို့ မဟုတ်ပါ၊ ကျွန်တော်တို့လူသားဘ၀ကို လိုချင်ပါတယ်။ ကျွန်တော်တို့ကို မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုလျင် ကျွန်တော်တို့ပြန်ပါဖို့။" ဟု ဖြေဆိုခဲ့ကြောင်း ယနေ့ထုတ် samudrakanthanews.com က ဆိုသည်။
Mr. Joseph Yunနှင့်အဖွဲ့က ဘင်္ဂလီဒုက္ခသည်များ၏ အခက်အခဲများကို လတ်တလောကူညီဆောင်ရွက်ပေးရန် ကြိုးစားခဲ့သော်လည်း ပုံမှန်အခြေအနေကို မတွေ့ခဲ့၍ တစ်စုံတစ်ရာ ဆုံးဖြတ်ဆောင်ရွက်ပေးမှုများ မရှိခဲ့ကြောင်းနှင့် ဒေသခံသတင်းထောက်များနှင့်လည်း မေးမြန်းဆောင်ရွက်မှုများအား ငြင်းပယ်ခဲ့ကြောင်း သူကဆိုသည်။Bangli
ယင်းအဖွဲ့မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ပကတိဖြစ်သည့် အဖြစ်အမှန်များကို လေ့လာစုံစမ်းရန်နှင့် ဒုက္ခရောက် နေသည့် ဒုက္ခသည်များအား ကူညီစောင်ရှောက်ရန် မြန်မာတွင် (၇) ရက်မှ (၁၀) အထိ၎င်းနှင့် ဘင်္ဂလာတွင် (၁၁) ရက်မှ ယနေ့အထိ၎င်း လေ့လာပြီး ထွက်ခွာမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်းနှင့် အကြမ်းဘက်သောင်းကျန်းသူ ဘင်္ဂလီများနှင့် နယ်ချဲ့သမားများ၏ သွေးထိုးလုပ်ကြံ နယ်မြေလုယက်မှုဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
အဆိုပါ ကိုယ်စားလှယ်များနှင့်အတူ ဒက္ကားမြို့အခြေစိုက် ကန်သံရုံးအမတ် Dan Mozenaနှင့် တခြား (၃) ဦး လိုက်ပါ စုံစမ်းလေ့လာ ခဲ့ကြောင်း သိရှိရသည်။
ကိုတိုးပါလောင်စခန်းဘေးတွင် ကုလမှ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် တောင်းဆိုနေကြသည့် ဘင်္ဂလီဦးရေပေါင်း (၇၀၀၀၀) ခန့်ရှိကြောင်း စခန်းအတွင်း အကျိုးပြုလုပ်ပေးနေသော ဒုက္ခသည်တစ်ဦးက ပြောသည်။
From -အာရကန်တိုင်း

No comments:

Post a Comment