Saturday, September 22, 2012

ပြည်သူပိုင် လယ်ကွင်းများအတွင်း KIA မှမိုင်းထောင်ထား

မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအနီးတစ်ဝိုက်ရှိ လယ်ကွင်းများနှင့် လယ်တဲများတွင် ကေအိုင်အေအဖွဲ့ မှ မိုင်းများ ထောင်ထားကြောင်း သိရှိရပါတယ်။

KIA အဖွဲ့မှ နန့်ဟိုင်းကျေးရွာအနီးရှိ လယ်ကွင်းများနဲ့ လယ်တဲများတွင် မိုင်းထောင်ထားပြီး လယ်ကွင်းများ ဘက်သို့ မည်သူမျှမလာရန် အမိန့်ထုတ်ထားကြောင်း သိရပါတယ်။
လယ်တဲများတွင် နေထိုင်သည့်ရွာသားများအား မောင်းထုတ်လိုက်ကြောင်းနှင့် ၄င်းတို့ထောင်ထားသော မိုင်းများအား လူ၊ ကျွဲ၊ နွားများနင်းမိပါက မိုင်းတန်ဖိုးပြန်လည် ပေးလျော်ရ မည်ဖြစ်ကြောင်းကိုလည်း ပြော ဆို ထားပါတယ်။
ယခင်ကလည်း ကချင်ပြည်နယ်တွင် ကေအိုင်အေမှ ထောင်ထားသည့်မိုင်းအား နင်းပြီးဒဏ်ရာရ သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ကျန်ခဲ့သောမိသားစုမှ မိုင်းတန်ဖိုးငွေကို ကေအိုင်အေ အဖွဲ့သို့ သွားရောက်ပေးဆောင်ရကြောင်း သိရပါတယ်။

“KIA အဖွဲ့ဟာ ရထားလမ်း၊ ကားလမ်းတွေမှာ မိုင်းထောင်ဖျက်ဆီးလို့ဝတော့ အခုလယ်ကွင်းတွေ၊ လယ်တဲတွေဘက်ကို ဦးတည်လာပြန်ပြီ။ ကျွန်တော်တို့က မိဘ၊ ဘိုးဘွား အစဉ်အဆက် ဒီလယ်မြေတွေကိုပဲ စိုက်စားလာကြတာပါ။ လယ်လုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ အခုလယ်ထဲမသွားရတော့ဘူး၊ လယ်စိုက်လို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့ကို ဘယ်သူ ကထမင်းကျွေးမှာလဲ။ လယ်ဆိုတာက အချိန်နဲ့စိုက် အချိန်နဲ့သိမ်းရတာမို့ နောက်ကျရင် ဘာတစ်ခုမှရမှာ မဟုတ်တော့ပါဘူး။ ခလေးတွေရဲ့ ကျောင်းစရိတ်ကို ဘယ်လိုရှာရမလဲတောင် မသိတော့ပါဘူး”လို့ နန့်ဟိုင်ရွာမှ လယ်သမားတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။  
 
From -ကချင်နေ့စဉ်သတင်း 

No comments:

Post a Comment