Saturday, September 8, 2012

KIA မှ ကံဆီးရွာသားများအား ဖားကန့်မြို့ပေါ်သို့နှင်ထုတ်နေ

From- KDN

ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ လဒွဲသည် စက်တင်ဘာလ (၆)ရက်တွင် ကံဆီးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုခေါ်ယူပြီး ရွာသားများအား စက်တင်ဘာလ (၇)ရက်နေ့အပြီး ဖားကန့်မြို့ပေါ်သို့ ထွက်ခွာသွားရန်နဲ့ KIA တပ်ဖွဲ့ ၀င်မိသားစုများအား ကျန်ခဲ့ရန် ပြောကြားခဲ့ပါတယ်။

      ကံဆီးရွာမှာ ကျန်ခဲ့တဲ့ KIA မိသားစုဝင်တွေကိုလည်း နေအိမ်များအတွင်း/အပြင်မှာ ဗုံးခိုကျင်းများ စနစ်တကျ တူးထားဖို့ ပြောကြားခဲ့ပါတယ်။ ကံဆီးရွာသားတွေဟာ စက်တင်ဘာလ(၇)ရက်နေ့မှစပြီး ဖားကန့်မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုး များထံသို့ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment