Friday, September 14, 2012

ဖားကန့်ဒေသသည် KIA ၏ အဓိကအသက်သွေးကြောလား

စက်တင်ဘာလ(၁၄)
KIA အဖွဲ့သည် ဖားကန့်ဒေသအား အခိုင်အမာခြေကုတ်ယူထားပြီး စစ်တပ်နှင့် မကြာခဏ တိုက်ပွဲများ ဆင်နွှဲနေကြောင်း သိရပါတယ်။ 

ကချင်ပြည်နယ်၏ ၀င်ငွေအကောင်းဆုံး မြို့တစ်မြို့ဟုလက်ခံ ထားကြသည့် ဖားကန့်မြို့(ကျောက်စိမ်း မြို့တော်)သည် ကျာက်စိမ်း၊ ရွှေနှင့် အခြား တွင်းထွက် ရတနာများ ပေါကြွယ်ဝသည့် မြို့တစ်မြို့  ဖြစ်ပါ တယ်။ 

``ဖားကန့်ဒေသဟာ ကျွန်တော်တို့ရဲ့အသက်ဘဲ ဘာဖြစ်လို့လဲဆိုတော့ ဖားကန့်ဟာ ကျွန်တော်တို့ အတွက် ငွေရှာရလွယ်တယ်။ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဆီက ငွေတောင်းလို့ရတယ်။ ယာဉ်နဲ့ စက် ပစ္စည်းတွေ သုံးလို့ရတယ်။ လူတန်းစားပေါင်းစုံရောနှောနေတဲ့အတွက် ပုံစံအမျိုးမျိုးဟန်ဆောင်လို့ ရတယ်၊ တကယ်လို့ ဖားကန့်ကို ဗမာစစ်တပ်ကအလုံးအရင်းနဲ့ ၀င်တိုက်လာရင် ကျွန်တော်တို့ဘက် ကလည်း သူတို့ရဲ့ နောက်တန်းစခန်းတွေကို ၀င်သိမ်းဖို့ အဖွဲ့တွေကိုလည်း လွှတ်ထားပြီးပါပြီ။ နောက်ပြီးတော့ စစ်တပ်အတွက် ရိက္ခာနဲ့စစ်ကူမလာနိုင်အောင် အချက်အချာကျတဲ့ ရထားသံလမ်း တွေနဲ့ ကာလမ်းတွေကို မိုင်းထောင်ဖျက်ဆီးပစ်မယ်။ ဖားကန့်ဒေသကိုတော့နည်းမျိုးစုံကာကွယ်ရမယ်၊ ဖားကန့်ဒေသကို လက် လွှတ်လိုက်ရရင် ကျွန်တော်တို့ KIA အတွက် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား လိမ့်မယ်လို့ KIA မှ ဖားကန့် ဒေသခံ ဗိုလ်ကြီး လဒွဲပြောကြားခဲ့ပါတယ်။
  From -ကချင်နေ့စဉ်သတင်း

No comments:

Post a Comment