Monday, September 24, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ ရှီကျင့်ဖျင် (Leader in Waiting ဟု အနောက်မီဒီယာများက ခေါ်တွင်လျက်ရှိသော ခေါင်းဆောင်)နှင့် တွေ့ဆုံ ဆွေးနွေး



နေပြည်တော် စက်တင်ဘာ၂၃
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီ (၂၅) မိနစ်တွင် နန်းနင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ International Conference Centre (ICC) ၌ တွေ့ဆုံဆွေးနွေးကြသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ က အစည်းအဝေးခန်းမ၌ ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ တည်ဆောက်ခဲ့သော မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်ဆင့်ကမ်း၍ ဆက်လက် ပြုစုပျိုးထောင်သွားရေး၊ နှစ်နိုင်ငံအကြား ဖြစ်ထွန်းတည်ရှိပြီး ဖြစ်သော ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ကဏ္ဍအသီးသီး၌ လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံချက် (Action Plan) ရေးဆွဲ ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နာမည်ကောင်းသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးရေး၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်ပယ်တွင် အကျိုးတူ ပိုမို ပူးပေါင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

From -နိုင်ငံတော်သမ္မတရုံး ၀ဘ်ဆိုဒ်








No comments:

Post a Comment