Tuesday, September 11, 2012

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် NLDမှ ဒေါ်ဖြူဖြူသင်းကို တရားစရိတ် ပေးရန် ခုံရုံးဆုံးဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ပြည်ခိုင်ဖြိုး ပါတီမှ ဒေါ် လဲ့လဲ့အေး မှ မင်္ဂလာတောင် ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဖြူဖြူ သင်းအား တရားစရိတ် ငွေ ကျပ် ၅ သိန်း ပေးရန် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ခုံရုံးက စက် တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံး ဖြတ်လိုက်ကြောင်း သိရသည်။


ဒေါ်ဖြူဖြူသင်းနှင့် ဒေါ်လဲ့လဲ့ အေးတို့ ရွေးကောက်ပွဲကိစ္စကို အပြန်အလှန် ကန့်ကွက်လွှာ တင်ထားမှုကို သက်သေများကို စစ်ဆေးရန် တစ်ဖက်ကို ငြင်း ချက် (၄) ချက်စီဖြင့် ပြစ်မှုမမြောက် ကြောင်း ဆုံးဖြတ်ခဲ့ပြီး ထိုကဲ့သို့ တရားစရိတ်ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါ်ဖြူဖြူသင်းနှင့် ဒေါ်လဲ့လဲ့ အေးတို့သည် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း မဲ ဆွယ်စည်းရုံးမှု၊ ဟောပြောမှု စသည်တို့ဖြင့် အပြန်အလှန် ကန့် ကွက်လွှာတင်သွင်းခဲ့မှုကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မေလမှ စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ခုံရုံး၏ ဆုံး ဖြတ်ချက်ကို အများပြည်သူ လေ့ လာနိုင်ရန် နိုင်ငံတော် ပြန်တမ်း အဖြစ် ထုတ်ဝေမည်ဟု သိရ သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေး ကောက်ပွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ်၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၅ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီချုပ်ပါတီမှ ဆန္ဒမဲ ၅၅၈၁၉ ဖြင့် အနိုင်ရခဲ့သည်။


စိုင်းနောင်
From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment