Saturday, September 1, 2012

တိုက်ခန်းနှင့်ကားများ လေးနှစ်အရစ်ကျဖြင့် ရောင်းမည်

ရန်ကုန်မြို့တော်မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် စက်တင်ဘာလ ပထမပတ်၌ ပြုလုပ်မည့် ကား အရောင်းပွဲတော်နှင့် ကုန်စည်ပြပွဲ၌ ၀ယ်ယူမည့်ပစ္စည်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ကို ပေးသွင်း၍ခြောက်လမှ ၄၈ လအတွင်း အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင် မည်ဖြစ်ေ ကြာငှ်းှ မော်တော်ယာဉ် အရောင်းပြခန်းမှ အရောင်းမန်နေဂျာ ဒေါ်ခိုင်မွန်ထွေးက ပြောကြားသည်။

အဆိုပါအရောင်းပြပွဲကို စက်တင် ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လူနေ တိုက်ခန်းများ၊ မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်း မျိုးစုံနှင့်လူသုံးကုန်ပစ္စည်း မျိုးစုံ၊ GSM Slim Card နှင့်လက်ကိုင် ဖုန်းများ၊ လက်ဝတ်ရတနာပစ္စည်းများ အပါအ၀င် စားသောက်ကုန်နှင့်ပရိဘောဂပစ္စည်း များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းင်း၏ ပြောကြားချက်အရ သိရသည်။
"ပွဲတော်ရက်အတွင်းမှာ ၀ယ်တဲ့ သူတွေအနေနဲ့ ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ၀ယ်ပြီး ကျန်တာကို ကမ္ဘောဇဘဏ် နဲ့ ချိတ်ဆက်ပြီး အရစ်ကျ စနစ်နဲ့ ပေးသွင်းရမှာပါ" ဟု ၎င်းင်းက ဆိုသည်။ ကုန်စည်ပြပွဲတွင် အရစ်ကျစနစ် ဖြင့် လာရောက်ဝယ်ယူသူများအနေဖြင့် ကမ္ဘောဇဘဏ်မှသတ်မှတ်ထားသည့်ံHire Purchase (HP) ချေးငွေစာရင်း ဖွင့်ရမည်ဖြစ်ပြီး ဘဏ်သို့သတ်မှတ်ထား သည့် အတိုးနှုန်းများကိုပေးသွင်း ရမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ရုံးချုပ်၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အတိုးနှုန်းများအနေဖြင့် တစ်လ အတွက် ၄ ရာခိုင်နှုန်း၊ နှစ်လအတွက် ၅ ရာခိုင်နှုန်း၊ သုံးလအတွက် ၆ ရာခိုင်နှုန်း၊ ၁၂ လအတွက် ၉ ရာခိုင်နှုန်း၊ ၂၄ လ အတွက် ၁၄ ရာခိုင်နှုန်း၊ ၃၆ လအတွက် ၁၉ ရာခိုင်နှုန်း၊ ၄၈ လအတွက် ၂၄ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ယင်းမှာ ဘဏ် မှသတ်မှတ်ထားသောံHire Purchase (HP) ချေးငွေ ၇၀ ရာခိုင်နှုန်းပေါ် တွင် တွက်ချက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် ၀ယ်သူမှ ပစ္စည်းတန်ဖိုးပေါ် တွင် တွက်ချက်၍ ၀န်ဆောင်ခ တစ်ရာခိုင်နှုန်းနှင့် ရောင်းသူမှ ပစ္စည်း တန်ဖိုးပေါ်တွင် တစ်ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ်သို့ ပေးဆောင်ရမည်ဖြစ် ကြောင်းလည်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။
Creation Strength ကုမ္ပဏီက ကြီးမှူးကျင်းပသည့် အဆိုပါကုန်စည် ပြပွဲတွင်ပါဝင်ပြသမည့ှ် မော်တော် ယာဉ်အရောင်းပြခန်း၌ ကိုရီးယားနိုင်ငံ ထုတ်မော်တော်ယာဉ်များကို အဓိက ရောင်းချသွားမည်ဖြစ်ပြီး အခြားမော်တော် ကားကုမ္ပဏီများ ၀င်ရောက်ပြသမည်၊ မပြသမည်ကို မသိရှိရသေးကြောငှ်းှ မှ အရောင်းမန်နေဂျာ ဒေါ်ခိုင်မွန်ထွေး က ပြောဆိုသည်။

No comments:

Post a Comment