Monday, October 8, 2012

သမ္မတလုပ်ရဲသည့် စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာသွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက်နှစ်ရပ်ရှိကြောင်း ပထမအချက် မှာ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရန်အတွက် ကာလရှည်ကြာကူညီမှုပေး ခဲ့သည့် အမေရိကန်နိုင်ငံ အား ကျေးဇူးတင်ကြောင်းပြောကြားရန်၊ဒုတိယ အချက်မှာ မြန်မာနိုင်ငံတွင်းလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ပြောပြရန် အတွက်ဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းသမားများမှမေးခွန်း များမေးမြန်းရာတွင် နိုင်ငံတော်သမ္မတ လုပ်ချင်စိတ်ရှိပါသလားမေးခွန်း အပေါ် မိမိသည် ပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သမ္မတဖြစ်ရဲသည့် စိတ်ဓာတ်ရှိပါကြောင်း ပြည်သူလူထုမှ လိုလားလျှင် သမ္မတလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ယခင် စစ်အစိုးရ၏ လုပ်ဆောင်ခဲ့မှုများအပေါ် ၀န်ချတောင်းပန်ရန် မလိုဟူသော သဘောရှိသည့် ဖြေကြားချက်နှ င့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၀န်ချတောင်းပန် မှုလုပ်ဆောင်သင့်သည်ဟု မှတ်ချက်ပြုလိုပါသ လားမေးမြန်းချက်အပေါ် မိမိသာဆိုလျှင် အမှားပြုလုပ်ထားပါက ချက်ချင်းဝန်ချတောင်းပန်လိုက်ခြင်း စိတ်ပေါ့ပါးမှုဖြစ်စေမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသည် တစ်နာရီ ခန့်ကြာမြင့်ခဲ့ပြီး ပြည် တွင်းပြည်ပသတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။
 
From- Popular Myanmar News Journal

No comments:

Post a Comment