Thursday, October 11, 2012

ပြည်ပဘဏ်များကို ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုထားခြင်းမရှိသေး

ပြည်တွင်း၌ ဘဏ်များ ဖွင့်လှစ် ခြင်းကို မည်သည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကိုမျှ လောလော ဆယ်တွင် ခွင့်ပြု ထားခြင်းမရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် ကပြောကြား သည်။

ယခုရက်ပိုင်းတွင် ပထမဆုံး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဘဏ်အဖြစ် Mandalay Capital ဘဏ်ကို အမေရိကန်ဒေါ်လာတစ်သန်းဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသားက ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း သတင်း များထွက်ပေါ်နေသည်။ “ဒါ လုံးဝမဟုတ်ဘူး။ ဗဟို ဘဏ်အနေနဲ့ ဘယ်နိုင်ငံခြားသား ဘဏ်ကိုမှ ဖွင့်ခွင့်မပြုဘူး”ဟု ဦးဝင်းသော်ကဆိုသည်။ပြည်တွင်း၌ နိုင်ငံခြားသား ဘဏ်ဖွင့်လှစ်လိုသူသည် ဗဟို ဘဏ်က သတ်မှတ်ချက်နှင့် ညီ ညွတ်မှသာ ဦးစွာ ဘဏ်ကိုယ်စား လှယ်ရုံးခွဲဖွင့်လှစ်ရန် လိုင်စင်ချပေး သည်။ ထို့နောက် ကာလတစ်ခု ကြာမှသာ ပြည်တွင်းမှ ဘဏ်များ နှင့် အကျိုးတူပူးပေါင်းသည့်ဘဏ် အနေဖြင့်သာ ခွင့်ပြုမည်ဖြစ်သည်။

“ကိုယ်စားလှယ်ရုံးဖွင့်ဖို့ လိုင် စင်ချပေးထားတဲ့အထဲမှာလည်း Mandalay Capital ဘဏ်မပါဘူး”ဟု ဦးဝင်းသော်ကဆက်လက် ပြောသည်။

လက်ရှိ ပြည်တွင်း၌ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးဖွင့် လှစ်ခွင့်လိုင်စင် ချပေးထားမှုမှာ ၂၂ ခုရှိပြီး ငွေရေးကြေးရေး အဖွဲ့ အစည်းအနေဖြင့် တစ်ခုရှိသည်။
 
From- 7Day News Journal

No comments:

Post a Comment