Monday, October 8, 2012

သမ္မတ တာဝန် ယူရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။
"ကျွန်မအနေနဲ့ လက်ရှိ ပါတီခေါင်းဆောင် တစ်ယောက် လုပ်နေတဲ့ အတွက် သမ္မတ လုပ်ရဲတယ်’’ဟု ၎င်းက အတိ အလင်း ရဲဝံ့စွာ ပြောဆိုလိုက်သည်။

သမ္မတကြီး ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် သမ္မတရာထူးနှင့် ပတ်သက် ၍ မိမိအနေဖြင့် ပြည်သူများ၏ သဘောထားသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘော ထား မှတ်ချက် ပေးထားသည်။
 
From- The Voice Weekly

No comments:

Post a Comment