ယနေ့အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂစ်ဖက်ဘုန်းကြီးကျောင်းတွင်
ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူတထု တွေ့ဆုံပွေဲအခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ
အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊
စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊
ကျောင်းသူများ လူပေါင်း(၁၀၀)ကျော်ခန့်
တက်ရောက် လာကြပြီး နေ့လည် (၁)နာရီခွဲတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
တက်ရောက် လာကြပြီး နေ့လည် (၁)နာရီခွဲတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
"အခမ်းအနားပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊
ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတထံမှာ
တောင်းဆိုသွားဖို့အတွက် ဖြစ်ပါတယ်။ အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊
ကျောင်းသူတွေလိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆိုထားပါတယ်"ဟု
စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊
ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့သော အတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်များနှင့်
မြို့မိ၊ မြို့ဖများက အကြံအဥာဏ်များပေးအပ် ပြောကြားပြီး ရခိုင်ကျောင်းသား
သမဂ္ဂမှ အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်သည်။
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီး သီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိ ပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွ က် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန် ဆုံးဖယ်ရှားပေးရန် (ဘုမေကျေး ရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံ ခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့် အဆောင်များ အမြန်ဆုံးဆောက်လု ပ်ပေးရန်နှင့် ပြည်နယ်အစိုးရ အနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာ သော အကြမ်းဖက်ဘင်္ဂလီကုလားများ နှင့် အတူတကွပညာသင်ကြားခြင်း မှ ရပ်တန့်ပေးရန်။
ရခိုင်ပြည်တက္ကသိုလ်များတွင်
လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းအခက်ခဲများနှင့် ပက်သက်လို့ "ကျနော်တို့
ကွန်ပျူတာကျောင်းမှာဆိုရင် အရင်ကတည်းက မီးစက်မရှိလို့
လက်တွေ့မလေ့ကျင့်ရဘူး၊ အဲဒီလိုဘဲ နည်းပညာတက္ကသိုလ်နဲ့
စစ်တွေတက္ကသိုလ်မှာဆိုရင်လည်း မိမိတို့ဘာသာရပ်နဲ့ ဆက်စပ်တဲ့
သင်ထောက်ကူပစ္စည်းတွေဘာမှ မရှိဘူး၊ ရှိခဲ့ရင်လည်း ကျောင်းသားတွေ
လက်တွေ့အသုံးပြုလို့မရဘူး ဘာလို့လည်းဆိုတော့ တစ်ခုတည်းဘဲရှိလို့"ဟု
အခမ်းအနားသို့တက်ရောက်လာသော ကွန်ပျူတာကျောင်းသားဟောင်းတစ်ဦးက ပြောသည်။
ရခိုင်ကျောင်းသားသမဂ္ဂကို
ရခိုင်ပြည်နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်
(၃)ခုပေါင်းစည်းပြီး ဗဟိုကော်မတီဝင် ကျောင်းသား၊
ကျောင်းသူပေါင်း(၃၀)ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။
From - arakantime
No comments:
Post a Comment