Friday, October 26, 2012

စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသည် ဒဏ်ရာရ လူနာများစာရင်း

http://3.bp.blogspot.com/-_epoNMIbcGI/UIqudXuHE0I/AAAAAAAAb2I/BOWOPiYWqHg/s1600/561995_330459283720038_180949284_n.jpg
ဘင်္ဂလီ-မြန်မာအရေးအခင်းတွင် ဒဏ်ရာ  အပြင်းအထန်ရရှိပြီးစစ်တွေမြို့
 ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာ သည် ဒဏ်ရာရ လူနာများ။

Eleven Media Group
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်
-----------------------------------
ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့်  အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော်
 ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ် တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက် လုံးတွင် ဓား၊ လှံ၊ လက် နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊  နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ ၀င်များနှင့်ညိနှိုင်းဆောင်ရွက်ေ နကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့ အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေး လျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း  ဦးဝင်းမြိုင်က ဆက်လက်ပာကြားခဲ့သည်။

Ref: EMG




                               စံရှား ၊ (ဘ) ဦးကျော်လှဦး ၊ အသက် - ၄၅ နှစ်၊ 
                               သာစည်ကျေးရွာ၊ ကျောက်တော်မြို့နယ်။
                                 ထွန်းထွန်း၊ (ဘ) ဦးစိန်လှထွန်း၊ အသက် -၁၆ နှစ်၊ 
                                  သာစည်ကျေးရွာ၊ ကျောက်တော်မြို့နယ်

 
                         သန်းရွှေမောင် ၊ (ဘ) ဦးအောင်စိန်ထွန်း၊ 
                        ပိုက်သည်ရပ်ကွက် ၊ ကျောက်တော်မြို့။

                       ကိုထွန်းယိုင်၊ (ဘ) ဦးမောင်သာ၊ အသက် - ၃၁ နှစ်၊
                       ရွှေပြည်သာရပ်ကွက်၊ ကျောက်တော်မြို့နယ်


                                       လုံးချေ၊ (ဘ) ဦးမဲလူ၊ အသက်- ၁၉နှစ် ၊ 
                                      ဆားပြင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်။

No comments:

Post a Comment