Wednesday, October 3, 2012

အိမ်ဖြူတော်၏ ကွန်ပျူတာစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရ

 
(ဝါရှင်တန် အောက်တိုဘာ ၂)
သမ္မတ အိမ်ဖြူတော် အတွင်း၌ ရှိသည့် ကွန်ပျူတာ စနစ်များသည် ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော် လည်း ယင်းတိုက်ခိုက် မှုကို တားဆီးနိုင်ခဲ့သည့် အပြင် လုံခြုံရေး အဆင့် သတ်မှတ်ထား သည့် ကွန်ရက်များမှာ တိုက်ခိုက်ခံခဲ့ ရခြင်း မရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။
အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုသည် မကြာခဏ ဖြစ်လေ့ရှိသည့် ဆိုက်ဘာ တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်းနှင့် လိုအပ် သည့် ကာကွယ်မှု များကို အိမ်ဖြူတော်မှ တာဝန်ရှိသူ များက ပြု လုပ် နိုင် ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဂျေးကာနေးလ် က သတင်း ထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုသည် ပြီးခဲ့သည့်လ အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်း သည် အောက်တိုဘာ ၁ ရက်က ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက် မှုကို မည်သူ က ပြုလုပ် ခဲ့သည်ကို သေသေ ချာချာ မသိရ သေးကြောင်း သိရ သည်။
From -မြ၀တီ

No comments:

Post a Comment