Saturday, October 20, 2012

ရေနံမှော်လုပ်သားများ ၊ ရှစ်လေးလုံးအင်းအားစု နှင့်တွေ့ဆုံခဲ့ပြီး ကလေးဒေသတွင် ရေနံမှော်လုပ်သားသမဂ္ဂဖွဲ့စည်းမည်

 
ကလေးမြို့ရှစ်လေးလုံး အင် အားစုအဖွဲ့၊မျိုးဆက်သစ်ကျောင်း သား လူငယ်အင်အားစု၊အထက် ချင်းတွင်းလူငယ်ကွန်ရက်အဖွဲ့တို့ ဦးဆောင် ၍ ရေနံလုပ်သားသမဂ္ဂ အဖွဲ့ဖွဲ့စည်းနိုင်ရန်၊ကလေးမြို့ တောင်ပိုင်း အင်းတင်ရွာဒေသတွင် ရေနံမှော်လုပ်သားအဖွဲ့နှင့် ယခု အောက် တိုဘာ(၁၀)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရ သည်။
““အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရေနံလုပ်သား၊ရေနံ ကျင်းပိုင်များအပါအ၀င်။ဒေသ တွင်းလောင်စာဆီဝယ်ယူနေတဲ့ ကုမ္ပဏီတွေက ရေနံဈေးနှုန်းကို ပေါက်ရာပေါက်ဈေးမပေးတဲ့ကိစ္စ၊ ရေနံစိမ်းသယ်ပို့ရောင်းဝယ်ရာမှာ ဖမ်းဆီးရိုက်နှက်ထိပ်တုံးခတ်လုပ် နေတဲ့ ကိစ်္စ၊နောက်ပြီး ဒေသအဖွဲ့ အစည်းတွေနဲ့ပေါင်းပြီး ရေနံ အလုပ်သမားဆင်းရဲသားတွေကို အမှုဆင်ဖမ်းဆီးနေတဲ့ကိစ်္စတွေကို ဆွေးနွေးညှိနှိုင်းကြပြီး အဖွဲ့အစည်း တစ်ခုထူထောင်ဖို့တိုင်ပင်ဆွေးနွေး ကြတာဖြစ်ပါတယ်။””ဟု အင်းတင် ဒေသမှ ရေနံလုပ်သားဦးသန်းဝင်း (ကတွတ်ရေနံမှော်)ကပြောသည်။
ယခုကလေးမြို့ရှစ်လေးလုံး အင်အားစုအဖွဲ့နှင့်ကလေးမြို့ တောင်ပိုင်းရေနံမှော်အဖွဲ့တွေ့ဆုံ ပွဲတွင် ရေနံချောင်း၊ကတွတ်ချောက် ကျောက်ခွက်၊ထန်ဘုရား၊ကျိန် ချောင်း၊ဓနမှော်၊ဘိုင်းပင်၊သင်း ချောင်းစသည့် ရေနံမှော်များမှ ရေနံလုပ်သားများရေနံတွင်းပိုင် များစုစုပေါင်းဦးရေ(၂၀၀)၀န်း ကျင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ကလေးဒေသတောင် ပိုင်းတွင်း ရေနံမှော်ပေါင်း(၁၅) မှော်ဝန်းကျင်ရှိပြီး ချယ်ရီရိုးမ၊ မိုး အင်မိုး၊မိုးတောင်တန်း၊ဓနသဟာ ယ၊ဖြူးချားစသည် ရေနံဝယ်ယူ ရေးကုမ္ပဏီသို့မရောင်းပဲအခြား နေရာသို့ သယ်ယူပို့ဆောင်သည် ကိုတွေ့ရှိပါက ရေနံကုမ္ပဏီမှ ဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်း၊ထောင် ချခြင်းများကို ဥပဒေမဲ့ ယနေ့အထိ ဆောင်ရွက်နေကြကြောင်း ရှစ် လေးလုံးအင်အားစုမှရှေ့နေကြီး တစ်ဦးကပြောပါသည်။
 

No comments:

Post a Comment