ရခိုင်ပြည်နယ်သံတွဲမြို့တွင် အောက်တိုဘာလ(၂၁)ရက်နေ့ နေလည် (၁း၃၀) နာရီ အချိန်တွင်
အိုအိုင်စီ အလိုမရှိ လူထုဆန္ဒ ဖော်ထုတ်မှုဖြစ်ပွား ခဲ့ကြောင့် Arakan Review
မှ သတင်းရရှိသည်။
ထိုလူထုဆန္ဒ ဖော်ထုတ်မှုကို နေ့လည်(၁း၃၀)နာရီအချိန်တွင်
အံတော်မြို့သစ်မှ စတင်ပြီး အိုအိုင်စီ အလိုမရှိဆိုသည့် ဆိုင်းဘိုး၊
ပိုစတာ၊ စာတန်းများ ကိုင်ဆောင်ပြီး လှည့်လည်ချီတက် ကြွေးကြော်ကာ
ညနေ(၄း၀၀)နာရီ အချိန်တွင် အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းရှေ့တွင်
အဆုံးသတ်ခဲ့ကြကြောင့် သိရှိရသည်။ လူထုဆန္ဒ ဖော်ထုတ်မှုတွင် ရဟန်း(၅၀၀)ကျော်
နှင့် ပြည်သူ(၄၀၀၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။
သံတွဲမြို့ လူထုဆန္ဒဖော်ထုတ်မှုတွင်၁။ မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးဖွင့်လှစ်ခွင့် မပြု၍ သမ္မတကြီးအား ကျေးဇူးတင်သည်
၂။ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်ပေးပါ
၃။ ရသေ့တောင် ညီလာခံအား ထောက်ခံကြိုဆိုသည်
၎။ ဘင်္ဂလီ အလိုမရှိ
၅။ မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ ရိုဟင်ဂျာ မရှိ
စသည့်ကြွေးကြော်သံများဖြင့် မြို့အနှံ့ လှည့်လည် ချီတက် လူထုဆန္ဒဖော်ထုတ်ခဲ့ကြကြောင့် သိရှိရသည်။
မိုးမိုးကျော်
သတင်းဓါတ်ပုံများ




Filed under မာတီမီဒီယာ, သတင်း
No comments:
Post a Comment