Wednesday, October 17, 2012

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၃၅၄) ကို ပြင်ဆင်မည်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးအပ် ထားသော နိုင်ငံသားများ၏ ရပိုင်ခွင့် ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေပုဒ်မ(၃၅၄) ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း သင်္ကန်းကျွန်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဥပဒေအရ ခွင့်ပြုချက် တောင်းခံရာ တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ထံ တောင်းခံ ရသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှုး ရုံးက အတည် ပြုရခြင်း၊ အယူခံလွှာ တိုင်းရဲတပ်ဖွဲ့မှူး ထံသို့ တင်ရသော်လည်း တိုင်းထွေအုပ် က အတည်ပြုရခြင်း တို့မှာ အားနည်းချက်များ ဖြစ်နေသဖြင့် ပြင်ဆင်ရမည် ဖြစ်ပြီး ယင်းဥပဒေ ပြဌာန်းစဉ် ကပင် လွှတ်တော် တွင် အားနည်းချက် ကို ထောက်ပြကာ ပြင်ဆင်ချက် အဆို တင်သွင်း ခဲ့သော်လည်း မဲ ၇ဝ သာ ရသဖြင့် အောင်မြင်မှု မရခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

"မြို့နယ် ရဲမှူးတို့၊ ထွေအုပ်တို့၊ တိုင်းရဲမှူး စတဲ့ သူတွေက အခြေခံ ဥပဒေ က ပြဌာန်း ပေးထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ကို ပြန်ရုပ်သိမ်းတဲ့ သဘော ဖြစ်နေတယ်" တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရ လုံခြုံရေးရာ ၀န်ကြီး ကိုလည်း လုပ်ပိုင်ခွင့် ပေးသင့်တယ်" ဟု ဦးသိန်းညွန့် ကဆိုသည်။

"ဒီဥပဒေကို မပြဌာန်းခင် ကတည်းက ဒီဥပဒေ သက်ရောက်မဲ့ နေရာ၊ ဒီဥပဒေရဲ့ အကာအကွယ် ပေးမှုကို ခံစားရမယ့် ပြည်သူတွေရဲ့ အမြင်ကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်၊ အရေးယူတဲ့ နေရာမှာလည်း အကြမ်းဖက်

မှု ဖြစ်နိုင်သလား၊ ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရားတွေကို ပျက်ဆီးမှုဖြစ်စေနိုင်သလား စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားရမယ်၊ အခြေခံဥပဒေအရ ပေးထားတဲ့ ရပိုင်ခွင့်ကို မထိပါးအောင် လုပ်ဖို့လိုပါတယ်" ဟု စက်တင်ဘာ ၂၁ ရက်နေ့ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ခံထားရသူ ဦးမိုးသွေးကပြောကြားသည်။

1 comment:

  1. ပြင်သင့်နေတာကြာပါပြီ တရားဝင်ဖမ်းခွင့်လိုင်စင်ပေးထားတဲ့ဥပဒေလိုဖြစ်နေပါတယ်။

    ReplyDelete