Tuesday, October 2, 2012

ရန်ကုန်မြို့နားက ကိုရီးယားရွာများ



ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး  (ဓာတ်ပုံ - ဧရာဝတီ)

 ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လို က်တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှ င်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။
အတိအကျ ပြောရရင် ရန်ကုန်ဝန်းကျင်က "ကိုရီးယားပုံစံ စံပြကျေးရွာ" ပါ။
သောကြာနေ့က ဗဟိုအစိုးရ၀န်ကြီးတယောက် ကိုရီးယားကျေးရွာရော က်သွားပုံ၊ လေ့လာစစ်ဆေး ပုံအလုံးစုံကို ဒီနေ့ထုတ် ကြေးမုံ သတင်းစာမှာ တွေ့ရမှာပါ။

ဒီစံပြရွာတွေမှာ ကိုရီးယားတွေကို ထားမှာတော့ ဟုတ်ဟန် မတူပါဘူး။

သောကြာနေ့မှာ ၀န်ကြီးသွားခဲ့တဲ့ရွာက လှည်းကူး မြို့နယ်ထဲက ဖောင်ကြီးအရှေ့ကျေးရွာ ဖြစ်ပါတယ်။
စနေနေ့မှာလည်း တနေရာကို သွားခဲ့တယ်လို့ ဆိုပါတယ်။ သန်လျင်မြို့နယ် သနပ်ပင်ကျေးရွာ ဖြစ်ပုံရပါတယ်။

ဒီ စံပြကျေးရွာတွေဖြစ်မြောက်ရေးကို ကိုရီးယားအစိုးရNGO တခုဖြစ်တဲ့ KOICA ရဲ့ အကူအညီနဲ့ စီစဉ်တာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း KOICA အစီအစဉ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း ရာပေါင်းများစွာ ကိုရီးယား ရောက်ခဲ့ပြီးပါပြီ။
အခု အလှည့်ကျတာကတော့ အရပ်သားတွေ ဖြစ်ပါတယ်။
ဒီ စံပြကျေးရွာတွေကနေ အရပ်သား ၆ ဦးကျစီ ကိုရီးယားကျေးလက်ကို သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
ကာလ ဘယ်လောက်ကြာအောင် လေ့လာခဲ့ကြသလဲ မသိရပါ။ 

တောင်ကိုရီးယားရဲ့ မြန်မာပြည်တွင်းထိုးဖောက်မှုတွေကို ရုပ်မြင်သံကြားဖန်သားပြင် နဲ့ ဖွံ့ဖြိုးရေးအကူအညီတွေမှာ တွေ့ရပါတယ်။ မြောက်ကိုရီးယားထိုးဖောက်မှုကိုတော့ ရန်ကုန်က စားသောက်ဆိုင်တခုမှာထင်ထင်ရှားရှား တွေ့ရမှာပါ။ စစ်ရေးနဲ့ သံတမန်ရေးထိုးဖောက်မှုတွေကိုတော့ မီဒီယာများက တဆင့် သိပြီးကြမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားစတိုင် ယူရင် အမိန့်နာခံနည်း၊ အငတ်ဘေးဒဏ်အောက် ရှင်သန်အောင် နေထိုင်နည်းတွေပဲ ရလာမှာပါ။
အခုတော့ တောင်ကိုရီးယားစတိုင်ယူနေပြီ ဆိုတာကြောင့် ဒီရွာများမှာ ကြွယ်ဝဖွံ့ဖြိုးမှု ဖော်ဆောင်နိုင်ဖွယ် ရှိပါတယ်။ 
From-ဧ၇ာဝတီ

No comments:

Post a Comment