Monday, October 8, 2012

မြေပြင်မှာ လေယာဉ် ၂ စီး တိုက်

 မြေပြင်မှာ လေယာဉ် ၂ စီး တိုက်မိကြပုံ၊
ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ ထဲ မြင်နေကြမှာပါ။
အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။ ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာ လည်းဖြစ်ပါတယ်။ ဗင်နီးဇွဲလား နိုင်ငံကို သွားမယ့် ခရီးသည် ၂၉၇ ဦးတင်ဆောင်ထားတဲ့ Air Europe လေကြောင်း က လေယာဉ် နဲ့ မက္ကဆီကို နိုင်ငံကို သွားမယ့် ခရီး သည် ၃၈၄ ဦးတင်ဆောင်ထားတဲ့ Iberworld လေကြောင်း က လေယာဉ် တို့ဟာ မထင်မှတ်ပဲ တိုက်မိကြတာပါ။ 

အခုလို လေယာဉ်တိုက်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရကြဘူးလို့ ဆိုပါတယ်။ 
 
From- ဧရာဝတီ

No comments:

Post a Comment