Monday, October 8, 2012

သာသနာတော်ထိန်းသိမ်းရန် ကျောက်မဲလူငယ်အဖွဲ့က ပထမဆုံးအကြိမ်ဓမ္မစာပေဟောပြောပွဲပြုလုပ်

မြန်မာ့သာသနာတော်ကိုဖျက်စီးခုတုံးလုပ်သူများအန္တရာယ်မှ တားဆီးဖယ် ရှားနိုင်ရေး ကျောက်မဲမြို့နယ် အတွင်းရှိ တရားပွဲအကျိုးတော်ဆောင် လူငယ် အဖွဲ့မှ ကျောက်မဲမြို့အတွက် ပထမဆုံးအကြိမ် ဓမ္မစာေ ပဟော ပြောပွဲ တစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ရှိ မြို့နယ်ခန်းမ၌ ဓမ္မစာပေေ ဟာပြောပွဲ ကို အောက်တိုဘာလ(၆) ရက်နှင့် (၇)ရက်နေ့ည များတွင် ထေရ၀ါဒ ဓမ္မကွန်ယက်မှ နာယကတစ်ဦး၊ သဘာပတိတစ်ဦးနှင့် အမှုဆောင်တစ်ဦးက ဟောပြော သွားခဲ့သည်။

အဆိုပါ ဓမ္မစာပေ ဟောပြောပွဲသို့ လာရောက်ဟောပြောကြသူများမှာ အဓ္ဓမ၀ါဒဖေါ်ထုတ်တားဆီးဖယ်ရှားရေးမှ အကျိုးတော်ဆောင် ဒေါ်ပေါရွှေ၊ အပြည်ပြည်ဆိုင်ရာဓမ္မစက္ကဖောင်ဒေးရှင်းမှ ဓမ္မစက္ကဦးမောင်မောင်နှင့် အတူ မေတ္တာတံခွန် အသင်းဥက္ကဌ မောင်လပြည့်ဇင်တို့မှ ဓမ္မနှင့်ပက်သက်၍ အသိပညာပေးဟောပြော သွားခဲ့သည်။

ဟောပြောပွဲ၏ရည်ရွယ်ချက်မှာ သာသနာကိုပျက်ဆီးစေသော အကြောင်းအရာ၊ ဖေါ်ပြမှုများနှင့် သာသနာကို ခုတုံးလုပ်လိမ်ညာသူများ၏ အန္တရာယ်ကို ဖယ်ရှားနိုင်စေရန် ရည်ရွယ်ကြောင်း ဟောပြောသူများထံမှ သိရသည်။

`လွတ်လပ်ခွင့်တွေများလာတဲ့ မြန်မာနိုင်ငံမှာသာသနာကို ထိပါးစော်ကားတဲ့ အမူအယာတွေကိုတားဆီးဖို့ သာသနာကို ညှိုးနွမ်းစေတဲ့ အကြောင်းအရာတွေကို နှိမ်နှင်းဖို့နဲ့ လူငယ်တွေဟာသာသနာအတွက် အမြဲတမ်း ကြိုးစားနေသင့်ပါတယ်´ ဟု မေတ္တာတံခွန်အသင်းဥက္ကဌ( ထေရ၀ါဒဓမ္မကွန်ယက် အမှုဆောင်) တစ်ဦးဖြစ် သူ မောင်လပြည့်ဇင်မှ ပြောသည်။

အဓ္ဓမ၀ါဒဖေါ်ထုတ်တားဆီးဖယ်ရှားရေးမှ အကျိုးတော်ဆောင် ဒေါ်ပေါရွှေ၏ ဟောပြောချက်များမှာ အဓိက အားဖြင့် `သာသနာကိုဖျက်ဆီးနေသော အတွင်းရန် ( သာသနာခုတုံးလုပ်သူများ)နှင့် အပြင်ရန်( သာသနာကို ဖျက်ဆီးစော်ကားသော တစ်ပါးသူ) များကို တားဆီးဖယ်ရှားရန်´ ရည်ရွယ်၍ ဟောပြောသွား ခဲ့ကြောင်း ဟောပြော ပွဲသို့ တက်ရောက်သူများထံမှ သိရသည်။

အဓ္ဓမ၀ါဒီစာရင်း (၂၀) နှင့်အတူ သာသနာရေးဆိုင်ရာလိမ်ညာမှုများ၊ တရား ဓမ္မကို ဆန့်ကျင်သော အဓမ္မ၀ါဒ များနှင့် ပက်သက်၍ သတိပြုရန်အချက်များကို အကျိုးတော်ဆောင် ဒေါ်ပေါရွှေမှ အသိပေး ဟောပြောသွား ခဲ့သည်။

မောင်လပြည့်ဇင်နှင့် ဒေါပေါရွှေတို့၏ ဟောပြောချက်များကို ခြုံငုံသုံးသပ်၍ `နိုးလော့မြန် မာ မြန်မာနိုးလော့´ ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း (International Dhammacakka Foundation) (IDF)မှ ဓမ္မစကဦးမောင်မောင်က ထေရ၀ါဒနှင့် ပက်သက်ရာသိကောင်းစရာ များကို ဟောပြော သွားခဲ့ကြောင်း ကိုလည်း သိရသည်။

`ဓမ္မစာပေဟောပြောပွဲ ဆိုတာတစ်ခါမှမကြုံဖူးသေးလို့ လာတာပါ၊ ရိုးရိုးရှင်းရှင်းနဲ့နားလည်အောင် ဟောပြော သွားတဲ့အချက်တွေက ဘယ်သူမဆိုသိထားသင့်တဲ့ အချက်တွေဖြစ်လို့ အခုလိုနားထောင်ခွင့်ရတာ အရမ်း အကျိုးရှိပါတယ်´ ဟု ဟောပြောပွဲတက်ရောက်သူ တစ်ဦးက ပြောသည်။

ဓမ္မစာပေနှင့်ပက်သက်၍ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သော အဆိုပါဟောပြောပွဲသို့ သံဃာတော် အပါး(၆၀)ကျော်နှင့် သီလရှင်အပါး (၃၀) အပါအ၀င် မြို့မိမြို့ဖများနှင့် မြို့သူမြို့သား (၆၇၀)ကျော်ခန့် တက်ရောက်ကြကြောင်း အကျိုးတော်ဆောင်အဖွဲ့များထံမှ သိရသည်။

From- Myit Makha Media Group

No comments:

Post a Comment