Sunday, October 28, 2012

နိုင်ငံတကာ Miss ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကူညီပေး သွားမည်သတင်းနှင့် မနန်းခင်ဇေယျာရဲ့ သတင်းစာရှင်းလင်းပွဲ ဗွီဒီယို (ရုပ်သံ)

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း  အဖွဲ့ချုပ်မှ  Miss World ၊ Miss  Universe အစရှိတဲ့  နိုင်ငံတကာ  Miss ပြိုင်ပွဲတွေ အတွက် ပြည်တွင်းသို့    ဖိတ်ခေါ်ခံ ရပါကပါဝင် ယှဉ်ပြိုင် လိုသူများအတွက်အကူအညီများ၊လိုအပ်တဲ့  လေ့ကျင့် မှု များ ပြုလုပ်ပေးကာ ကူညီ ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။
ပြည်တွင်းရှိ ပြိုင်ပွဲဝင်များ အနေနဲ့ Miss World နဲ့ Miss Universe ပြိုင်ပွဲဝင်များ အတွက် လေ့ကျင့် မှုတွေ ပြုလုပ် ရာမှာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ မယ်တစ်ဦးရဲ့ လိုက်နာ သင့်တဲ့ အပြုအမူများ သိရှိဖို့ လိုအပ်ပြီး ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ အဆိုပါ ကိစ္စရပ်ေ တွ သာ မက အခြား လေ့ကျင့် သင်ကြားမှု တွေကိုပါ ပြုလုပ်ပေး သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ အဆိုပါ နိုင်ငံတကာ ပြိုင်ပွဲဝင်များ အတွက် လေ့ကျင့်ပေးမှုကို သာမက ပြည်တွင်း ကျင်းပ မယ့် Miss Myanmar International (2013) ပြိုင်ပွဲ ကိုလည်း မကြာမီမှာ ထပ်မံပြုလုပ် ပေးသွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

သတင်း- MRTV


No comments:

Post a Comment