ဆရာတော်- ဦးပညာဝံသသီးတင်းသုံးနေထိုင်တော် မူတဲ့ကျောင်း တိုက်ကို မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တရုတ် ကုမ္မဏီတို့က မြေကော် စက် နဲ့ထိုးဖျက် မဲ့အရေး ကိုလည်းစိုးရိမ်းနေကြရတယ်လို့ သတင်းရရှိပါတယ်။
လက်ပန်းတောင်းခြေ အောင်မြေမြင်သာကျောင်းတိုက် တွင် သီတင် သုံးနေ ထိုင် လျှက်ရှိသော ကျောင်းထိုင် ဆရာတော် ဦး ပညာဝံသ၊ သက်တော် (၅၈) နှစ် ၊ ၀ါတော်(၃၂)၀ါရ ဆရာတော်ကြီး သည် လက် ပန်းတောင်းတောင်စီမံကိန်းကြောင့်စိတ်ထိခိုက်ပြီး နှလုံးရောဂါ သွေးအားနည်းရောဂါများခံစာနေရပြီး ဆေးဝါး
ကုသမှုများအကြိမ်ကြိမ်ခံယူနေရကြောင်း ဆည်တဲရွာနေသူတစ်ဦးကဆိုပါတယ်။
"အခုဆိုရင်ဆရာတော် ဆေးရုံတက်ရတာ(၅)ကြိမ်ရှိသွားပါပြီ။ဆရာတော်ကအခုလက်ပန်းတောင်စီမံကိန်းကြီးမစခင်ကတော့ ကျန်းမာရေးက ခေါင်းမူး ခေါင်းကိုက်ဝေဒနာတောင်မရှိခဲ့ပါဘူး။ဒီစီမံကိန်းကြီးစမှအခုလို ဝေဒနာတွေခံစားရတာပါ။
ဖျက်ဆီးဖြိုဖျက်ရမည့် ဆည်တဲကျေးရွာမှ
အောင်မြေမြင်သာကျောင်းတိုက်။
ရွာက ဆွမ်းဒကာ/ဒကာမတွေ စိတ်ဆင်ရဲတာ အတိဒုက္ခရောက်တာတွေကိုမြင်တွေ့နေရတာကိုမခံစားနိုင်တာလို့ ကျွန်တော်ထင်တယ်။နောက်ပြီးသူသီ တင်းသုံးနေထိုင်တော်မူတဲ့ကျောင်းတိုက်ကိုလည်း မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တရုတ်ကုမ္မဏီတို့က မြေကော်စက်နဲ့ ထိုးဖျက်မဲ့အရေးကိုလည်း စိုးရိမ်တာ တွေလည်း
ပါမယ်ထင်တယ်။
ကျောင်းကလည်းရွာသူရွာသားတွေရဲ့ ချွေးတွေလုပ်အားတွေနဲ့လှူဒါန်းပြီးတည်ဆောက်ခဲ့တာရွာသားတွေကလည်း ဒီကျောင်းကြီးကိုနှမျှောကြတယ်"ဟု ဆည်တဲရွာသားတစ်ဦးဆိုပါတယ်။
From - shwemyanmar
No comments:
Post a Comment