Wednesday, October 17, 2012

အစ္စရေး ကွန်ပျူတာ ကွန်ရက်များ အတွင်း ထိုးဖောက် ဝင်ရောက်နိုင်ရန် အီရန် ဟက်ကာများ ကြိုးပမ်း

အီရန် ဟက်ကာများသည် အစ္စရေး ကွန်ပျူတာ ကွန်ရက်များ အတွင်း ထိုးဖောက် ဝင်ရောက် နိုင် ရန် နေ့စဉ်နှင့် အမျှ ကြိုးစားလျက် ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ်  ဘင်ဂျမင် နေတန် ယာဟု  က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြား ခဲ့သည်။ထို့အပြင် အစိုးရ ဝက်ဘ်ဆိုက် များအတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်
ကြိုးပမ်း မှုများမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက် ရှိသည်ဟု အပတ်စဉ် ပြုလုပ်လေ့ရှိသော ဝန်ကြီး များ ဆွေးနွေးပွဲ အတွင်း၌ နေတန်ယာဟု က ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် စစ်သွေးကြွများနှင့် အကြမ်းဖက် သမားများ ပစ်ခတ်သော ဒုံးကျည်များကို  ကာကွယ် နိုင်သည့် Iron Dome ဒုံးကျည် ကာကွယ်ရေး စနစ်များ ရှိသကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှု များကိုလည်း ခုခံကာကွယ်နိုင်သည့် ဆိုက်ဘာ ကာကွယ်ရေး စနစ်များကို လည်း ပိုင်ဆိုင် ရလိမ့်မည် ဖြစ်သည်ဟု ဆွေးနွေးပွဲ အတွင်း နေတန်ယာဟုက ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment