Monday, October 15, 2012

ပါတီတွင်းဒီမိုကရေစီစနစ်ပီပြင်စွာကျင့်သုံး၍ ဖွဲ့စည်းပုံပြင်ဆင်သွားမည့် ပြည်ခိုင်ဖြိုးပါတီညီလာခံ

http://www.myitmakhamediagroup.com/administratorpanel/image/IMG_6643.JPGပါတီတွင်းဒီမိုကရေစီစနစ်ကျင့်သုံးရာ၌ ဒီမိုကရေစီနစ်အား အကြောင်းပြ ကာ ဗရမ်းဗတာ လုပ်ဆောင် ခြင်းများ၊ ဒီမိုကရေစီ အနိုင်ကျင့်ဗိုလ် ကျစိုးမိုး မှုများ၊ မင်းမဲ့စရိုက်ဆန်ခြင်းများအား သတိပြုကြရန် လိုေ ကြာင်း ပြည် ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်းက အသိေ ပးပြော ကြား လိုက်သည်။  

အများကြိုက်တဲ့ ဒီမိုကရေစီစနစ်ကို အများအတွက် ကောင်းအောင် အများအတွက် အကျိုးရှိအောင် စနစ်တကျနဲ့ မဆုတ်မနစ်လုပ်ဆောင်ကြတဲ့နေရာမှာ အများရဲ့ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာ ဆောင်ရွက်ဖို့နဲ့ အနည်းစုရဲ့ဆန္ဒကိုလည်း အားလုံးက လေးစားရမယ်ဆိုတဲ့ အချက်ကိုလည်း အလေးထားကြရမှာ ဖြစ်ပါတယ် ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်းက ပြောသည်။ 
အောက်တိုဘာလ(၁၄)ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်ပါတီ ညီလာခံ၌ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌနှင့် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပထမအကြိမ်ကျင်းပပြုလုပ်သော ပါတီညီလာခံကြီး၌ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား အတည်ပြုသွားမည်ဖြစ်ပြီး  ပါတီအား ပြန်လည်ဖွဲ့စည်းရာ၌ အသွင်သဏ္ဍန်၊အနှစ်သာရပြည့်စုံသော ပြည်သူ့ပါတီအဖြစ် ဖွဲ့စည်းပြီး ပါတီတွင်း ဒီမိုကရေစီ စနစ်တကျကျင့်သုံးရေးကိစ္စများ အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။    
 
ပါတီညီလာခံရဲ့ ရည်ရွယ်ချက်ကတော့ ပါတီဝင်တွေစည်းစည်းလုံးလုံးနဲ့ လက်ရှိကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အဓိကရည်ရွယ်တယ်။ ပြီးတော့ ဒီညီလာခံထဲမှာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ကျွန်တော်တို့ ပြင်ထားတာတွေရှိတယ်။ အဲ့ဒါတွေကို အတည်ပြုသွားမယ် ” ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။      
 ပါတီတွင်း စည်းလုံးညီညွတ်မှုအား တည်ဆောက်နိုင်မှ ပြည်သူ၏ အားကိုးယုံကြည်မှုအား ရရှိနိုင်မည် ဖြစ်ကြောင်း၊ ပါတီတွင်းဒီမိုကရေစီစနစ်အား လိုက်နာဆောင်ရွက်ရာတွင်လည်း ပါတီဦးဆောင်သူများမှ လုပ်ဆောင်မှုများအား  ပါတီအတွင်းမှ လေးစားစွာလိုက်နာကြရန်လိုအပ်ကြောင်းနှင့် အောက်ခြေ အဆင့် ပါတီဝင်ပြသနာများအား ဒိမိုကရေစီစနစ်ဖြင့် ဖြေရှင်းပေးပါမှ ပါတီဝင်များ ရှင်သန် နိုင်မည်ဖြစ်ပြီး ပါတီတွင်း ဒိမိုကရေစီဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။   
  ပါတီထဲမှာ သူသာတစ်ယောက် အမိန့်ပေးမှုတွေကို အထူးပြုရှောင်ရှားဖို့လိုပြီး  ဒီမိုကရေစီဆိုတာ တောင်း၍မရ၊ ပေး၍မရဘဲ လိုက်နာကျင့်သုံးရမယ့် စနစ်တစ်ခုဖြစ်တဲ့အတွက် ပါတီထဲမှာ ဒီစနစ်နဲ့ အုပ်ချုပ်မှပါတီက ရှင်သန်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ် ” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီမှ  ပြည်နယ်ကော်မတီဝင် ဒေါ်ဝါ၀ါဌေးက ပြောသည်။  

မြစ်မခ

No comments:

Post a Comment