Friday, October 12, 2012

လှိုင်သာယာညောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အထမမြောက်သေး

လှိုင်သာယာ မြို့နယ်ရှိ ညောင်ကျေးရွာမှ ဒုတိယအကြိမ်အုပ်ချုပ်ရေး မှူးရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာ သားများ အများစုမှ လက်မခံသဖြင့် ယခုအချိန်ထိမရွေးချယ်ရသေးကြောင်း ၄င်းရွာခံများမှ သိရသည်။ညောင်ကျေးရွာ၏ ပထမအကြိမ်ရွေးချယ်ပွဲကို စက်တင်ဘာ ၁၇ရက်နေ့က ပြုလုပ်ခဲ့ပြီး ပြည်သူများမှ ရွေးကောက်သူ ၃ဦးမှ ၂ဦးကို ကျေးရွာနေလူ၃ဦးက လတ်မှတ်ထိုးကန့်ကွက်သဖြင့် ဒုတိယ အကြိမ်ပြန် လည်ပြုလုပ်ရာတွင် ရွာခံအများစုက ယခင်ရွေးကောက်ခံရသူများကိုပဲအုပ်ချုပ်ရေးမှူး အဖြစ်တင်မြှောက်ရန် တောင်းဆိုသဖြင့် ရွေးချယ်ပွဲကို ဆက်လက်မပြုလုပ်ရပဲ ရပ်နားလိုက်ရကြောင်း ၄င်းရွာမှ ကိုရဲကိုနိုင်က ဆိုသည်။
လက်ရှိအချိန်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးကောက်တင်မြှောက်ခန့်အပ်လျှက်ရှိရာ ယင်းရွေးချယ်ပွဲ များတွင် ပြည်သူများနှင့်အာဏာပိုင်များ သဘောထားကွဲလွဲမှု အချို့ရှိနေကြောင်း ၄င်းရွာသား များထံမှသိရသည်။

From- Popular Myanmar News Journal

No comments:

Post a Comment