Monday, October 8, 2012

အမျိုးချစ်တဲ့ ကေအိုင်အေ ...


(အင်ဘန်လ) 

နိုင်ငံတော်ရဲ့ သတင်းထုတ်ပြန်ချက် တွေမှာ ကြားရတာကတော့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ "၀" အထူးဒေသ(၂)အဖွဲ့ ၊ မိုင်းလား အထူးဒေသ(၄) အဖွဲ့ ၊ ကလိုထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ) အဖွဲ့ တွေဟာ ငြိမ်းချမ်းရေး လမ်းမကြီးပေါ်ကို ရောက်ရှိနေတာ ကြားရတော့ ကျွန်တော်တို့ ကချင်ပြည်နယ် အတွက် ၀မ်းနည်းမိပါတယ်။ ကေအိုင်အေက အပစ်အခတ် ရပ်ဖို့တင် မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ဆွေးနွေးမှုကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ (UNFC) နဲ့သာ ဆောင်ရွက်မယ်လို့ တွင်တွင်ပြောနေတယ်။ ဘယ်ငြိမ်းချမ်းရေး ကိစ္စမှာပဲ ဖြစ်ဖြစ် အခြေခံက အပစ်ရပ်ပြီး ဆွေးနွေးရမှာ မဟုတ်ပါလား ... ။ 

(ဂမ်ရှောင်)

ကေအိုင်အေ တို့ဟာ ၁၉၉၄ ခုနှစ် မတိုင်မီ ကာလတွေမှာလည်း ငြိမ်းချမ်းရေး စကားပြောပြီးရင် အင်အားစုပြီး နောက်ပိုင်းမှာ လက်နက်ကိုင် လမ်းကြောင်းပေါ် ပြန်ရောက်တာ သမိုင်းမှာ ရှိနေခဲ့တဲ့ မှတ်တိုင်တစ်ခုပါ။ အခုလဲ ပါးစပ်က ငြိမ်းချမ်းရေး စကားပြောပြီး လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ တပ်မဟာ(၂) နယ်မြေတွေမှာ ဖွင့်ထားတဲ့ ဒုက္ခသည် စခန်းက လူငယ်တွေကို ကျား ၊ မ မရွေးဘဲနဲ့ ရက်တို စစ်သင်တန်း ပေးပြီး ကချင်စစ်သားသစ် များအဖြစ် စုဆောင်းပြီး ပြည်သူ့တပ်ဖွဲ့ တပ်ရင်းတွေ ဖွဲ့စည်းပြီး ရှေ့တန်း တပ်စခန်းများမှာ စေလွှတ်ခြင်း ၊ တစ်ချို့ တစ်ဝတ်ကိုတော့ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေမှာ လက်နက် ခဲယမ်း ၊ ရိက္ခာပို့ခိုင်းခြင်း ၊ တိုက်ပွဲမှာ ဒဏ်ရာရ သေဆုံးတဲ့ ကေအိုင်အေ အကြမ်းဖက် တပ်ဖွဲ့ဝင် တွေကို သယ်ယူပေးရခြင်း တွေကို လုပ်နေရတဲ့ အပြင် စစ်မြေပြင်မှာ တိုက်ပွဲတွေကြောင့် ဒဏ်ရာရ သေဆုံးပြီး "၀မ်ပေါင်နိုင်ငံတော်" အတွက် အာဇာနည် တွေအဖြစ် ဘုရားသခင်က ကောင်းချီး ပေးလိုက်တာလည်း မနည်းဘူးဆိုတော့ ဘယ်သူက ကေအိုင်အေ လုပ်ချင်မှာလဲ ...။
ကိုယ့်ရိက္ခာ ကိုယ်ရှာစား ၊ ကိုယ်ဖြစ် ကိုယ်ခံ ၊ ရှုံးရင်တော့ ရဲဘော်တွေ အသုံးမကျလို့ ၊ နိုင်ရင်တော့ ဆရာကြီးတွေ တော်လို့ ဆိုပါလား ။ ဒီလိုနဲ့ ကချင် ပြည်နယ်အတွင်းမှာ ကချင်လူမျိုးတွေ ကိုယ့်အိမ်မှာ မနေရ ၊ ကိုယ့်တောင်ယာ ကိုယ် မရိတ်ရ ၊ ကိုယ့် သားသမီးကိုလည်း ဖမ်းခေါ်ပြီး ကေအိုင်အေ အဖြစ်နဲ့ အလုပ်လုပ် နိုင်တဲ့ လူငယ် လူရွယ်တွေ မရှိတော့ဘဲ လူအို ၊ လူကြီး နဲ့ ကလေးငယ်တွေပဲ ကျန်ရှိနေတော့ ရေရှည်မှာ ဘယ်လို ရပ်တည်ရ မလဲ ...။ ဒါတောင်မှ စစ်ကြောင့် တိမ်းရှောင် လာသူတွေကို ၀ိုင်းမော် ၊ မြစ်ကြီးနား မှာ နိုင်ငံတော် အစိုးရက ထောက်ပံ့ပေး ထားလို့ ထမင်းစား နေရသေးတယ်။ ဒီလို ဆင်းရဲ ဒုက္ခအပေါင်းနဲ့ ပြည့်စုံပြီး နောက်ဆုံးမှာ အသက်သေဆုံး ရတဲ့ ဇာတ်လမ်းကို ဖန်တီးသူ များကတော့ " ဆရာကြီး  အင်ဘန်လ " နဲ့ " ဆရာဂမ်ရှောင် " တို့ပဲ ဖြစ်ပါတယ်။ ဆရာတို့ နှစ်ယောက် ဖန်တီးပေးတဲ့ ဒုက္ခတွေကို မခံနိုင်တော့လို့ ထွက်ပြေးတဲ့ ကေအိုင်အေ ရဲဘော်တွေ အတွက် အထူးဂုဏ်ပြုဆု ကတော့ " မဖမ်းနဲ့ အလုပ်ရှုပ်တယ် ၊ ပစ်သတ်လိုက် ပါတဲ့ ... ။
" အင်ဘန်လ နဲ့ ဂမ်ရှောင် ရေ .. ကိုယ်ကျိုးရှာ အာဏာရုးတဲ့ သူတွေအတွက် သခင်ယေရှု ပြောတဲ့စကားက " လူမိုက်တို့ - သင်တို့သည် သဲပေါ်မှာ အိမ်ဆောက်သော ပညာမဲ့သော လူမိုက်ဖြစ်သည် ... " ဆိုတာကိုလည်း သတိထား ဆင်ခြင် ကြပါအုန်း ။ အဲ့ဒီ အခြေအနေ တွေကို မြင်လို့ ထောက်ပြတဲ့ ဦးဇောင်းဟရားက အခြား တိုင်းရင်းသား အဖွဲ့အစည်း တွေလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးနေကြပြီ။ ကေအိုင်အေ တပ်ဖွဲ့တွေလည်း အကျအဆုံး များလို့ စိတ်ဓာတ် ကျဆင်း နေကြပြီ ... ။
ထမင်းငတ် နေကြတဲ့ ကျေးရွာလူထုများ ၊ မိုင်းအန္တရာယ် ခံစား နေကြရတဲ့ ပြည်သူများ ၊ ကေအိုင်အေ အတွက် ပစ္စည်းသယ် ၊ ကင်းစောင့် ပေးနေရတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် တွေထဲမှာ ဒုက္ခခံ နေရတဲ့ အပြစ်မဲ့ ပြည်သူတွေထဲမှာ အင်ဘန်လ နဲ့ ဂမ်ရှောင် တို့ရဲ့ မိဘ ၊ ယောက္ခမ ၊ သား ၊ သမီး ညီအစ်ကို ၊ မောင်နှမ ဘယ်နှစ်ယောက် များ ရှိပါသလဲ ... ။ ရှိလို့ရှိရင် ပြောရေး ဆိုခွင့်ရှိတဲ့ ဆရာကြီး ဦးလနန် ကနေ ပြောကြား ပေးစေလို ပါတယ်။ သူတို့ အမျိုးတွေ မပါလို့ ကျန်တဲ့သူတွေ ဘာဖြစ်ဖြစ် ကျည်လွတ် မြေမှာနေ ၊ ပါဂျဲရိုစီး ၊ ၀ီစကီနဲ့ အသားကင် စားနေတဲ့ ကိုယ့်အမျိုးကိုသာ ကိုယ်ချစ်တဲ့ " မျိုးချစ် ကေအိုင်အေ ခေါင်းဆောင်ကြီး " တွေရဲ့ လက်အောက်မှာ ဆက်နေရင်တော့ ကေအိုင်အေ တပ်ဖွဲ့ဝင်များ အနေနဲ့ တစ်နေ့နေ့တော့ ကိုယ့်အလှည့် ရောက်လာ ပါလိမ့်မယ် ... ။
    အမှားသိမှ အမှန် လုပ်နိုင်မှာပါ ။
·   ကချင်ပြည်နယ် အတွင်းက တိုင်းရင်းသားတွေရဲ့ အကျိုးကို လိုလားသူ ဆိုရင် အမှောင်ကို ခွင်းပြီး အလင်းရောင်ထဲ လျှောက်လှမ်း ခဲ့ပါ ။
·    ကြိုနေပါတယ် သူငယ်ချင်းတို့ ..... ။
ငြိမ်းချမ်းရေး ချိုးငှက်များ
ပြည်ချစ်သား(pyichit-thar)
From -ကချင်နေ့စဉ်သတင်း

2 comments:

  1. မင်းထင်တလိုမဟုတ်ပါ။ကချင်များသည် ကိုယ်နေရာကိုယ်နေကျပါတယ်။ခင်များ
    တို.သာသူများရဲ.နေရာမှာ ဓါးမြ တိုက်လာ လုနေချင်းဖြစ်တယ်။

    ReplyDelete
  2. မင်းကျေနပ်ရင် မြန်မာပြည်ထဲ မနေနဲ့လေကွာ.. KIA မယားပါသားရဲ့

    ReplyDelete