Monday, October 15, 2012

နိုင်ဂျီးရီးယား ပစ်ခတ်မှု လူအများအပြား သေဆုံး


နိုင်ဂျီးရီးယား နိုင်ငံ    မြောက်ဘက်ပိုင်း ကန်ဒူနာ ပြည်နယ်က   ရွာတရွာမှာ
 သေနတ်  သမားတွေရဲ့ ပစ်ခတ်မှုကြောင့်     အနည်းဆုံး   လူ ၂၀ လောက်
 သေဆုံး သွားတယ် လို့  နိုင်ဂျီးရီးယား အရာရှိ တွေက ပြောပါတယ်။မနက် အရုဏ်တက် အချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာကြောင့် သေဆုံးခဲ့ရသူ အများစုဟာ ဗလီထဲက လူတွေ ဖြစ်ကြ ပါတယ်။

ဒေသခံ ဓားပြဂိုဏ်း တခု ကနေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ သတင်း ပြန်ကြားရေး ကော်မရှင်နာ မင်းကြီး ဆာအိဒူ အဒါမူ က ဘီဘီစီကို ပြောပါတယ်။

ဓားပြဂိုဏ်းကို တိုက်ဖျက်ဖို့ အတွက် ဒေသခံတွေက နိုးနိုးကြားကြားနဲ့ ကင်းလှည့်စာင့်ကြည် နေမှုတွေကို တုံ့ပြန်တဲ့ အနေတဲ့ အခုလို တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ လည်း သူက ပြောပါတယ်။ဒီဓားပြဂိုဏ်း ဟာ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ  ပြုလုပ်နေကျ ဖြစ်ပါတယ်။

From - BB

No comments:

Post a Comment