Monday, October 8, 2012

ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါ အ၀င်ဖြစ်သည့် လှေလှော်ရွက်တိုက်အားကစား ပြိုင်ပွဲကျင်း ပမည့် မြေနေ ရာနှင့် ပတ်သက်၍ ဘူးကွဲကြီးကျေးရွာ အမှတ်(၄)လမ်းနေ မူလအုန်း ဥယျာဉ်ပိုင် ရှင်မိသားစုဝင် ကိုယ်စားလှယ်များအား ပုသိမ်မြိုနယ် တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ စီချမှတ်လိုက်ကြောင်း သိရသည်။ကမ်းခြေဒေသဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် တိကျခိုင်လုံမှုမရှိသည့် စာချူပ်များ အသုံးပြုကာ ဒေါ်သူသူ အိဟန်၊ ဦးတင်အေး၊ ဒေါ်တင်တင်ဝင်းတို့အတွက် ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့သည့်အဆိုပါမြေကို အစိုးရသစ် လက်ထက်တွင် ၄င်းတို့သုံးဦးအမည်ပေါက် လ/န ၃၉ ကို ဖျက်သိမ်းကာ အားကစားဝန်ကြီးဌာန ကို ပေးလိုက်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဆိုသည်။

ဘူးကွဲကြီးကျေးရွာအမှတ် ၄ လမ်းနေ မူလအုန်းဥယျာဉ်ပိုင်ရှင်မိသားစုဝင် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးစိန်သန်း၊ ဦးစိုးလွင်၊ ဦးကျင်မြင့်တို့အား အောင်တိုဘာလ(၅) ရက်နေ့တွင် ပုသိမ်မြိုနယ်တရားရုံးမှ ဒုတိယ မြို့နယ် တရားသူကြီး (၁) ဦးသောင်းနုက အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အား/ကာဦးစီးမူး ဦးစိုးညွှန့်မှ ဇွန်လ(၅)ရက်နေ့ က ပုဒ်မ (ပ)၂၉၄၁/၁၂။ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံရသူ (၃)ဦးအား ပုသိမ်မြို့နယ်NLD မှ ဒေါ်မြင့်မြင့်သိဏ်းနှင့်ဒေါ်မျိုးစံပယ်ထွန်းတို့က အခမဲ့ အကျိုးဆောင် ပေးခဲ့ကြသော်လည်း၊ အောင်မြင်မှုမရခဲ့ပေ။

“အခမဲ့ကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ရှေ့နေခေါ်မှ ထောင်လုံးလုံးကျရတဲ့အဖြစ်နဲ့ ကြုံလိုက်ရ တယ်”ဟု ဘူးကွဲကြီး ရွာသားတစ်ဦးကပြောသည်။

ထောင်ကျခံရသောရွာသား(၃)ဦးမှာ ခရိုင်တရားရုံးသို့ ဆက်လက်အယူခံသွားမည်ဖြစ်ကြောင်းကိုလည်း သိရ သည်။

ပြစ်ဒဏ်ကျခံခဲ့ရသူများအနေဖြင့် ထောင်သို့စ၀င်သည့်နေ့တွင် ၀တ်ဆင်ရန် အပြာရောင်အကျီ င်္၊ ပုဆိုးနှင့် အသုံးအဆောင်များကိုပါ အကျိုးဆောင်ရှေ့နေဒေါ်မြင့်မြင့်သိဏ်း၏ ညွန်ကြားချက်ဖြင့် မိသားစုဝင်မျာမှ ၀ယ်ယူ ပို့ဆောင်ပေးခဲ့ရကြောင်း ၄င်းတို့၏ မိသားစုဝင်များက ဆိုသည်။

From- Myit Makha Media Group

No comments:

Post a Comment