Thursday, October 18, 2012

ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ကဦးဆောင်ကာပြုလုပ်သည့်လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ လူအင်အား ၂၀၀၀ခန့်တက်ရောက်ခဲ့

ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ကဦးဆောင်ကာ အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီမှ ည ၇ နာရီအထိ မုံရွာမြို့၊ ဆည်တည်းကျေးရွာတွင်ပြုလုပ်နေသော လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ ဒေသခံကျေးရွာ ၂၆ ရွာမှဒေသခံများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မှဆရာတော်များစုစုပေါင်းလူအင် အား ၂၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်ဟုသတင်းရရှိသည်။ လက်ပန်းတောင်ပြည်သူ့ညီလာခံတွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး၊ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများရပ်ဆိုင်းပြီးထာဝရငြိမ်းချမ်းရန်၊ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများလုံးဝရပ်ဆိုင်းရန်စသော အဆိုများတင်သွင်းကြသည်။ အဆိုပါပြည်သူ့ညီလာခံကို အောက်တိုဘာ ၁၉ ရက်တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ်များမသိရှိရသေးဟုဆိုသည်။


 

No comments:

Post a Comment