Saturday, October 13, 2012

ကလောမြို့နယ်တရားရုံးမှ ဆရာတော်ဦးဥတ္တမအားပုဒ်မ ၂၉၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင်ရှေ့နေပြော


မိုးပြားဂိုဏ်းဒုတိယခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ် စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ  လူဝတ်လဲခြင်းခံရကာ သာသနာတော်  အကြည်အညိုပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ် တရားရုံးမှ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဆရာတော်ဦးဥတ္တမ၏ အမှုဖြစ်စဉ်အပေါ် မီဒီယာ အချို့၏ရေးသားဖော်ပြချက်မှားယွင်းကြောင်းနှင့် ယင်းအမှုဖြစ်စဉ်သည် တရားဥပဒေနည်းလမ်းအရ ဆောင်ရွက်ချမှတ်ခဲ့သည့် အမှုဖြစ်စဉ်မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကိုအမှုအား တရားလိုရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေအပါအ၀င် အောင်ပန်းမြို့ခံအချို့၊ ဆရာတော်ဦးဥတ္တမနှင့် ခင်မင်ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသည့်  ဆရာတော် သံဃာတော်များ၊  ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမ၏ တပည့်သာဝကအချို့မှ စီစဉ်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဥတ္တမအား ပုဒ်မ ၂၉၅(က)ဖြင့်  ထောင်ဒဏ် ၂ နှစ် ချမှတ်သည့် သတင်းမှာ မှန်ကန်သော်လည်း ထိုပြစ်ဒဏ် ချမှတ်မှုသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက် စာအမှတ် ၁၉၁(၀ိ-ထွေ)-၁၃/၂/ ၀ိ-မဟန ဖြင့် ဆရာတော်ဦးဥတ္တမသည် မိုးပြာဂိုဏ်းဝင်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်းအပေါ် တရားရုံးမှ အမှုစီရင်ခြင်းဖြစ်ကြောင်း၊  သာသနာညိုးနွမ်းအဖြစ် ဆရားတော်ဦးဥတ္တမ ရေးသားခဲ့သည့် စာအုပ် တစ်အုပ်မှစကားလုံးတချို့သည် သာသနာပျက်စီးအောင်လုပ်ခြင်းဟု ဆိုကာ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးခဲ့သူ တရားလိုရှေ့နေ ဦးကျော်ဌေးက ပြောကြားသည်။

အဆိုပါ အမှုအား တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
From - shwemyanmar

No comments:

Post a Comment