Friday, October 26, 2012

တူရကီစစ်လေယာဉ်နှင့်ပတ်သက်၍ သမ္မတရုံးတာဝန်ရှိသူ အသိပေးပြောကြား

တူရကီစစ်လေယာဉ်နှင့်ပတ်သက်၍ သမ္မတရုံးတာဝန်ရှိသူ အသိပေးပြောကြား
တူရကီစစ်လေယာဉ်နှစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တို ဘာ ၂၅ ရက်က ရောက်ရှိလာခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လျက်ရှိရာ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် Note ရေးသား၍ အသိပေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ လေယာဉ်နှစ်စင်းမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော C-130 လေယာဉ်များဖြစ်ကြောင်း သိရသည်။

http://www.planet.com.mm/mocintranet/userfiles/Image/president-office-hmuuzaw.jpg




တူရကီစစ်လေယာဉ်နှစ်စင်းပေါ်တွင် ပါရှိသော ထောက်ပံ့ရေးပစ္စည်းများမှာ စားသောက်ကုန်များဖြစ်ကြောင်း၊ ထိုစားသောက်ကုန်များကို မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စသဖြင့် အသိပေးပြောကြားထားသည်။ ထို့ပြင် တူရကီစစ်လေယာဉ်များပေါ်တွင် ပါရှိသော စားသောက်ကုန်များ၊ အဝတ်အစားအသုံးဆောင်များ စာရင်းကိုလည်း ဖော်ပြထားပြီး ပြည်သူမျာအနေဖြင့် ထိုစစ်လေယာဉ်နှစ်စင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိကြရန် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူက Facebook တွင် ရေးသားအသိပေးထားသည်။

http://sphotos-h.ak.fbcdn.net/hphotos-ak-snc7/409242_484647101575933_1975941518_n.jpg 
တူရကီစစ်လေယာဉ်



နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ၏ Facebook Note တွင် ရေးသားအသိပေးမှု အပြည့်အစုံ

တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C-130 လေယာဉ်များ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပါသည်။

(၂) ယနေ့(၂၆-၁၀-၂၀၁၂ရက်နေ့)တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။

(၃) ယင်းစားသောက်ကုန်များကို ရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- Candy 2280 Boxes

- Food 960 Parcels

- Biscuit 11000 Bags

- Slipper 500 Boxes

- Clothing 1000 Packages

- Toy 500 Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။

From - planet.com

No comments:

Post a Comment