Wednesday, October 3, 2012

ပြည်သူများ၏ လက်ရှိ ပကတိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသော သမဝါယမ လုပ်ငန်းများဖြစ်အောင် ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်


သမဝါယမ ဝန်ကြီးဌာနသည် သမဝါယမ လုပ်ငန်းများဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရေး ပံ့ပိုးနိုင်ရန်အတွက် ပြည်သူများ၏ လက်ရှိ ပကတိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသော သမဝါယမ လုပ်ငန်းများဖြစ်အောင် မည်သို့တိုးတက် ပြုပြင်ပြောင်း လဲ ဆောင်ရွက်သွားရ မည်ဆိုသည်ကို ဝိုင်းဝန်း ဆွေးနွေးဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက် ကြရန် ပြည်ထောင်စု ဝန်ကြီး ဦးကျော် ဆန်းက အောက်တိုဘာ ၂ ရက်နေ့နံနက် ၉ နာရီခွဲတွင် သမဝါယမဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည့် သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးက ဆက်လက် မှာကြားရာတွင် သမဝါယမ ဝန်ကြီးဌာနသည် မူလသမဝါယမ လုပ်ငန်းများအပြင် ကျေးလက်နေ ပြည်သူများနှင့်မြို့ပြနေ အခြေခံလူတန်းစားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေ ရေးဆောင်ရွက်ရာတွင် သမဝါယမ စီးပွားရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ် လမ်းမှ အမှန်တကယ်အထောက်အကူ ပြုဆောင်ရွက်ပေး ရန်ဟူသော ဦးတည် ချက်(၂)ရပ်၊ ကျေးရွာတိုင်းတွင် အနည်း ဆုံး အခြေခံသမဝါယမ အသင်း(၁)သင်း ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန်နှင့် ရှိပြီးသား သမဝါယမအသင်းများ ရှင်သန်အောင် ဆောင်ရွက်ပေးရန်၊ ဖွဲ့စည်းပြီးသောအသင်းများ လုပ်ငန်း ဆောင်ရွက်ရာ တွင် ငွေကြေးအရင်းအနှီး ရရှိစေရန်အတွက် အများပိုင် ငွေကြေး အဖွဲ့အစည်း တစ်ခု ပေါ်ပေါက် လာအောင် ဆောင်ရွက်ပေးရန်၊ အဆင့်ဆင့်သော သမဝါယမအသင်းများသည်လည်း တိုင်း ပြည်၏စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ငွေကြေး၊ နည်းပညာ၊ ဈေး ကွက်ကျယ်ပြန့် စွာဖြင့် ဆောင်ရွက် နိုင်ရေးကူညီပေးရန်၊ သမဝါယမ တက္ကသိုလ်/ကောလိပ်များသည် အမျိုး သားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ် ဓာတ်ပြည့်ဝသော သမဝါယမစီးပွားရေး ပညာကို ကျွမ်းကျင် တတ်မြောက်သူ များ မွေးထုတ်ပေးရန်။
သမဝါယမ သင်တန်းကျောင်း များသည် အမျိုးသား ရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် ပြည့်ဝသော အသက်မွေးဝမ်းကျောင်း ပညာကျွမ်းကျင် တတ်မြောက် သူများ မွေးထုတ်ပေးရန်ဟူသည့် လုပ်ငန်းစဉ် (၅)ရပ်ဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝကို လက်တွေ့ ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာကြသူ များအားလုံးက လက်ရှိ ပကတိအခြေ အနေများနှင့် ကိုက်ညီပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် ပြည်သူများ အတွက်လည်း အမှန်တကယ် အကျိုးပြုနိုင်မည့် နည်းလမ်း များကို ဝိုင်းဝန်းဆွေးနွေးကြရန် တိုက် တွန်းမှာကြားသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများက ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး ယနေ့ ညှိနှိုင်းဆွေးနွေးပွဲမှ သမဝါယမဝန်ကြီး ဌာန၏ ဦးတည်ချက် (၂)ရပ်နှင့် ယင်း ဦးတည်ချက်(၂)ရပ် အောင်မြင်ရန် အတွက် လုပ်ငန်းစဉ်(၅)ရပ်ကို လက်ခံ အတည်ပြုနိုင် ခဲ့ကြောင်း၊ အခြေခံသမဝါ ယမအသင်းများ ဖွဲ့စည်းနိုင်ရေး၊ သမဝါ ယမအသင်းသစ်များနှင့် မူလရှိပြီး သမ ဝါယမ အသင်းများအား ငွေကြေးပံ့ပိုး ပေးနိုင်ရန်အတွက် အများပိုင် ငွေကြေး အဖွဲ့အစည်း တစ်ခု ပေါ်ပေါက်လာရေး စသည့်လုပ်ငန်းစဉ်များကို သဘော တူညီခဲ့ကြကြောင်းနှင့် အထက်ပါ လုပ်ငန်း များအောင်မြင်အောင် သမ ဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် သမဝါ ယမအသင်း အသီးသီးတို့က စေတနာ ထား၍ လက်တွေ့ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း မှာကြားခဲ့သည်။
 
From- မြ၀တီ

No comments:

Post a Comment