Wednesday, October 24, 2012

ရခိုင်ပြည်နယ် နာဂရကျေးရွာအုပ်စုတွင်းသို့ကျူးကျော် ၀င်ရောက်နေထိုင်သည့် ဘင်္ဂါလီကျေးရွာများနှင့်ပတ်သက် ၍အမျိုးသားလွှတ်တော်တွင်မေးမြန်း

ပြည်နယ်၊ကျောက်တော်မြိုနယ်၊နာဂရကျေးရွာအုပ်စုတွင်းသို့  ကျူးကျော် ယနေ့ ကျင်းပ သည့် အမျိုးသားလွှတ်တော်တွင် ရခိုင်ဝင်ရောက်နေ ထိုင်သည့် ဘင်္ဂါလီကျေးရွာအားဖယ်ရှားပေးရန်နှင့်ပတ်သက် ၍ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)အမျိုးးသားလွှတ်တော်ကိုယ်စားလှယ်

ဦးခင်မောင်(ခ)ဦး အောင်ကျော်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ တွင်မေးမြန်းခဲ့သည်။အဆိုပါမေးခွန်းကိုပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှုးချုပ်ကျော်ဇံမြင့် က “ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာအုပ်စု၊စကားတောင်ကျေးရွာမှာ ယခင်ကဘင်္ဂါ
လီလူမျိုးများနေထိုင်ကြပါတယ်။ကျောက်တော်သကြားစက်တည်ဆောက်ရန်အတွက်ကို ၁၉၈၃-၈၄ လောက်မှာစကားတောင်ကျေ့းရွာအုပ်စုမှာနေတဲ့ ဘင်္ဂါလီလူမျိုးများ ကို လျှော်ကြေး ပေးပြီးတော့ခေါင်းတုပ်ကျေးရွာအုပ်စု၊ပုံတောင်ချောင်းနှင့်ဘီလူးကွေ့တောင်အနီးသို့
ပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။

၁၉၉၆ခုနှစ်မှာ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က တပ်ပိုင်မြေအဖြစ်လိုအပ်၍စကားတောင်

ကျေးရွာမှပြောင်းရွှေ့နေထိုင်တဲ့ဘင်္ဂါလီလူမျိုးများနေထိုင်ရာဘိုထောင်ချောင်းနဲ့ဘီလူးကွေ့တောင် မြေနေရာကို တပ်ပိုင်မြေအဖြစ် ရယူ

ဆောင်ရွက်ခဲ့ပြီး အဲ့ဒီင်္ဘင်္ဂါလီလူမျိုးများကို လောင်ပန်ကျကျေးရွာ ကွင်းအမှတ် ၇၃၅အေ မြေလွှတ်သုံးဧကမှာ နေရာချထားပေးခဲ့ပါတယ်။

လောင်ပန်းကျေးရွာမှာပြောင်ေ၇ွှ့နေထိုင်ကြတဲ့ဘင်္ဂါလီလူမျိုးများဟာ သူတို့နေရာမှာလုပ်ကိုင်စားသောက်

ဖို့အဆင်မပြေလို့ နာဂရာကျေးရွာအုပ်စုကွင်အမှတ်(၇၅၂)အေမှာရှိတဲ့ မြေလွှတ်မြေရိုင်းမှာ ကျေးရွာနေကြံစိုက်ပျိုးနေတဲ့ ဦးထွန်မြသာ

ပါ ၆ဦးကနေပြီးတော့ကြံစိုက်ပျိုးခဲ့တဲ့မြေ၉ဧကကို သဘောတူဝယ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်းနှင့်ယခုလက်ရှိနေထိုင်သော နာဂရာကျေး

ရွာနဲ့လုပ်သားကျေးရွာအကြားမှိုင်းချောင်းဝမှာ ပြောင်းရွေ့ရောက်ရှိနေထိုင်ခဲ့ခြင်းသာဖြစ်ပြီးတော့ တရားဝင်နေရာချထားပေးခြင်းမရှိကြောင်း

ပြည်ထဲရေးဝန်ကြီးဌာန၊ ရပ်ကွက်ကျေးရွာအုပ်စုနဲ့ကျေးရွာစာရင်းများမှလည်းပါရှိခြင်းမရှိကြောင်းစီစစ်တွေ့ရှိရပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ စကားတောင်ကျေးရွာနှင့် ဘင်္ဂလီလူမျိုးများပြောင်ရွှေ့ နေထိုင်မှုအခြေအနေက

လက်ရှိမှာအိမ်ခြေ ၈၆အိမ်၊အိမ်ထောင်စု၉၀၊ ကျား၂၆၄ဦး၊မ ၃၃၅ဦး၊ ပေါင်း ၅၉၉ဦး ဖြစ်ပြီးတော့ ၂၀၁၂ခုနှစ်ဇွန်လအတွင်းမှာဆူပူ အကြမ်း

ဖက်မှု၊မီးရွှို့မှု၊ဖြစ်စဉ်များကြောင့် အဲ့ဒီကျေးရွာမှာရှိတဲ့ရွာသားများဟာကုလားတန်မြစ်အရှေ့ဖက်ကမ်းမှာရှိတဲ့ ခေါင်းတုပ်ရွာနဲ့ ကျောက်တော်

သကြားစက်မှာရှိတဲ့ ဘင်္ဂါလီဝန်ထမ်းနေအိမ် ၁၅လုံးမှာမှီခိုနေထိုင်ကြောင်းသိရှိရပါတယ်။

စကားတော်ကျေးရွာမှ ရွှေ့ပြောင်ဘင်္ဂါလီလူမျိုးများကို သီးခြားနေရာချထားပေးဖို့လိုအပ်ပါက ယခင်နေ

ရချထားပေးခဲ့သောကျေးရွာမှာ မြေလွှတ်သုံးဧကရှိနေပေမယ့်လည်းရခိုင်

တိုင်းရင်းသားများ၏ကျေးရွာနေရာဖြစ်နေပြီဖြစ်လို့ အခြားဘင်္ဂါလီ

ကျေးရွာဖြစ်ပြီး သူတို့နဲ့နီးစပ်တဲ့ ခေါင်းတုပ်ကျေးရွာအုပ်စုမှ ခေါင်တုပ်ရွာ၊အလယ်

ကျွန်းကျေးရွာအုပ်စုမှ အလယ်ကျွန်းရွာ၊ရတနာပုံကျေး

ရွာအုပ်စုမှ ရတနာပုံကျေးရွာတို့ကို ဖြန့်ခွဲနေရာချထားပေးသွာမှာဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတင်ပြလာပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာနိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးကလက်ရှိ

အကောင်ထည်ဖော်ဆောင်ရွက်

နေသော ဒီမိုကရေစီလမ်းကြောင်မှတိမ်းစောင်းမသွားရေး၊ ကမ္ဘာ့နိုင်ငံများရဲ့မျက်မှောက်အခြေအနေ၊ စသည်တို့နဲ့ချိန်ထိုးပြီးတော့ နိုင်ငံ

အတွင်းတရားမ၀င် ခိုးဝင်မှုများတားဆီးရေး၊ လူမျိုးရေးဘာသာရေး၊ အဓိကရုဏ်းများထပ်မံမဖြစ်ပွာအောင် တာဆီးရေးမြန်မာ့ဒီမိုကရေ

စီအပြောင်အလဲနှင့်လိုက်လျောညီထွေရှိပြီး လူ့အခွင့်အရေးများမချိုးဖောက်စေဘဲ ပြသနာများကိုကိုင်တွယ်ဖြေရှင်းသွားရေး၊ အလုပ်အ

ကိုင်များပိုမိုဖန်တီးပေးနိုင်ရေး၊ တိုင်၇င်းသားများရဲ့စိုးရိမ်ပူပန်မှုများ ဆန္ဒသဘောထားများကို ထည့်သွင်းစဉ်းစာပြီးအလေးထားဖြေရှင်းဆောင်

ရွက်၍ မူဝါဒများချမှတ်ဆောင်ရွက်ပြီးပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ပေါင်းစပ်ညှိနှိုင်းရေးဆွဲလျှက်ရှိရာမှာ အရေးပေါ်ကာလ

နှင့်ပြန်လည်တည်ငြိမ်ဖွံဖြိုးမှုကာလဆိုပြီးအပိုင်းလိုက်အဆင့်လိုက်စီမံ ဆောင်ရွက်လျှက်ရှိပါတယ်။

ဒါ့အပြင်ဒေသတည်ငြိမ်အေးချမ်းရေနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးလျှက်ရှိတဲ့

အဖွဲ့မျာအနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး ကြုံတွေ့နေရတဲ့အခက်အခဲပြသနာအသီးသီးကို ဒေသတွင်းညှိနှိုင်းပေါင်းစပ်ပြီး

ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ အထက်ဌာနများကိုတင်ပြရမယ့်ကိစ္စများ ပေါ်ပေါက်လာပါကလည်း အဆိုပါအဖွဲံများနှင့် ပြည်နယ်

အစိုးရအဖွဲ့တို့က နိုင်ငံတော်သမ္မတရုံးနှင့်ပြည်ထောင်စုအစိုးရအဖွဲံတိုကို တင်ပြဆွေးနွေးလျက်၇ှိပါတယ်။

ရခိုင်ပြည်နယ်အမှာဖြစ်ပွားတဲ့ ပဋိပက္ခမျာနှင့် ပက်သပ်၍ ဖြစ်စဉ်ဖြစ်ရပ်မှန်များပေါ်ပေါက်ရေး ၊စုံ

စမ်းစစ်ဆေးရန် ၊အမျိုးသားအကျိုးစီးပွားတိုးတက်ဖို့အတွက်ကို သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ခုနှစ်

၏သြဂုတ်လ ၂၇ရက်နေ့မှာ အမိန့်ကြော်ငြာစာနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်၇ပ်ကို ကဏ္ဍစုံမှ ပုဂ္ဂိုလ်၂၇ဦးနဲ့ စုံစမ်းစစ်ဆေးဖော်

ထုပတ်လျှက်ရှိပါတယ်။”ဟု ယနေ့ နေ့လည် ၁၁း၃၀နာရီတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌနှင့် ကိုယ်စားလှယ် ၁၉၉ဦးရှေ့မှောက် တွင်

ပြန်လည်ဖြေကြားသွားခဲ့သည်။

စွမ်းရဲထွဋ်
 
Popular Myanmar News Journal  မှကုးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment