Sunday, October 28, 2012

မှောင်ခို ဝက်သား ရောင်းသူကို လိုက်လံ ဖမ်းဆီးစဉ် ကားတိုက်မိ၍ ရောင်းသူရော ဖမ်းသူပါ သေဆုံး

ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူမြို့ အလယ် သာသနာ့ ဗိမာန် အနီးတွင် အောက်တိုဘာ ၂၃ ရက် နံနက် ၃ နာရီက ဆိုင်ကယ် စီးနင်း၍ ဝက်သား မှောင်ခို ရောင်းသူ အမျိုးသမီး နှစ်ဦးကို လိုက်ဖမ်းသည့် ဆိုင်ကယ်စီး အမျိုးသား နှစ်ဦး တို့သည် ကုန်တင်ကား နှင့် တိုက်မိ ကြရာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံး ကြပြီး ကျန်အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိမှု ဖြစ်ပွား ခဲ့သည်။

ဖြစ်ပွားပုံမှာ တောင်ငူမြို့ (၁၈) ရပ်ကွက် ဝက်ကုန်းမှ လိုင်စင်မဲ့ ဝက်သား တင်ဆောင်လျက် တောင်ငူမြို့ (၂၂) ရပ်ကွက် ထီးနီကုန်းနေ သူသူအောင် အသက် ၂ဝ နှစ်(ဘ) ဦးမြင့်ဆွေနှင့် စန်းသီတာမိုး ၂ဝ နှစ်(ဘ) ဦးစန်းဝေ တို့နှစ်ဦး စီးနင်း လာသည့် မော်တော် ဆိုင်ကယ် နောက်သို့ ဖမ်းဆီးရန် လိုက်ပါ ခဲ့သည့် ထွန်းထွန်း ၂ဝ နှစ် (ဘ) ဦးညွန့်ရွှေနှင့် နောက်လိုက် ကျော်ထူး ၃၇ နှစ် (ဘ) ဦးတင်ဝင်း ထီးလှိုင် နေသူတို့ စီးနင်းသည့် ဆိုင်ကယ် နှစ်စီးသည် ရန်ကုန်- မန္တလေး ကားလမ်း မိုင်တိုင် အမှတ်(၁၇၄/ ၂/၃) အကြား သာသနာ့ ဗိမာန် အနီး အရောက် တွင် ဆိုင်ကယ် နှစ်စီးလုံး သည် ယာဉ်မောင်း သန်းဝင်း ၄၈ နှစ် (ဘ)ဦးလှရွှေ မုဒိတာ လမ်း မြောက်ဥက္ကလာပ မြို့နယ် ရန်ကုန် တိုင်း ဒေသကြီး မောင်းနှင် လာသော ကုန်တင် (၁၂)ဘီးယာဉ် ၆ဂ/ ....နှင့် တိုက် မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဝက်သားတင် ဆိုင်ကယ်မှ သူသူအောင်နှင့် လိုက်ဖမ်း သည့် ဆိုင်ကယ်မှ ထွန်းထွန်း တို့နှစ်ဦး သေဆုံးကြပြီး ကျန် စန်းသီတာမိုး နှင့် ကျော်ထူး တို့နှစ်ဦးကို တောင်ငူနှင့် နေပြည်တော် ဆေးရုံအသီးသီးသို့ အတွင်း လူနာများ အဖြစ် တင်ပို့ ကုသ ထား ပြီး အဆိုပါ အမှုကို တောင်ငူ အမှတ် (၁) ရဲစခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မြန်မာ့သားကောင်း

No comments:

Post a Comment