Wednesday, October 3, 2012

မည်သည့်တောင်းဆိုချက်မှမရသေး၍ အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံအလုပ်သမားများ ယနေ့ ဆန္ဒဆက်ပြ

မည်သည့်တောင်းဆိုချက်ကိုမှ လိုက်လျောမှုမရရှိသေးသည့် အတွက် အင်းစိန် SKY APPAREL GROUPကုမ္ပဏီ၏ မိုးကောင်းကင် အထည်ချုပ်စက်ရုံ အလုပ်သမားများက ယနေ့နံနက်တွင် ဆန္ဒ ဆက်ပြ၍ အခွင့်အရေးများတောင်းဆိုနေကြကြောင်း စက်ရုံဝန်ထမ်းတစ်ဦးကပြော သည်။
အလုပ်ချိန် ၈နာရီသာထားရန်နှင့် အိုဗာတိုင်အချိန်၂နာရီထားရန်တောင်း  ဆိုချက်များကို ယမန်နေ့နေ့လည်ပိုင်း မှ ညနေအထိ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီးမီဒီယာများရှိနေစဉ် သာပြေ လည်အောင ဆွေးနွေး ခဲ့သော်လည်း ယနေ့အထိလိုက်လျောမှု မရှိသေး၍ ဆန္ဒဆက်ပြခြင်း  ဖြစ်ကြောင်း စက်ရုံဝန်ထမ်း တစ်ဦးကပြောသည်။

From- Popular Myanmar News Journal‎

No comments:

Post a Comment