Wednesday, October 3, 2012

တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကာကွယ်ရေး အမျိုးသားစီမံကိန်း ချမှတ် ရန်လိုဟု သမ္မတအကြံပေး ဆို

လူဦးရေများပြားသော နိုင်ငံနှစ်ခုကြား ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကို ကာကွယ်ရန် အမျိုးသားစီမံကိန်းချမှတ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေး အကြံပေးဦးကိုကိုလှိုင်က ပြောသည်။ ''ပြင်ဆင်ထားဖို့ အင်မတန် လိုပါတယ်။ ပွင့်လင်းလာတာနဲ့ အမျှ လူဦးရေဖိအားကြောင့် အထဲ ကိုစိမ့်ဝင်လာနိုင်တဲ့ အန္တရာယ် တွေကလည်း ရှိနေပါတယ်''ဟု ၄င်းက ပြောသည်။

ယင်းသို့ ပြင်ဆင်ထားရန် အ စိုးရအာဏာစက်သည် နေရာ တိုင်း ရောက်ရှိ ရန်လိုအပ်ပြီး ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံ ရန်လို အပ်ကြောင်း၊ ဒေသခံ ပြည် သူများ၏ အသိပညာဖွံ့ဖြိုးမှု မြင့် တက်ရန်လိုအပ်ကြောင်း ပထဝီနိုင်ငံ ရေးရာကျွမ်းကျင်သူအချို့က ပြော သည်။

''အခြေခံအဆောက်အအုံ တွေ မကောင်းရင် ဥပမာ လမ်းတွေ တံတားတွေဆက်သွယ်မှုမကောင်း ရင် ဘယ်သူဝင်လို့ဝင်နေမှန်းလည်း သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ တရား ဥပဒေစိုးမိုးမှုလည်း ရှိမှာမဟုတ်ဘူး။ အဲဒီလိုမျိုးတွေရှိလာမှ အမြဲသတိ ရှိလာပြီးတော့ တစ်နေရာရာမှာ တစ်ခုခုဖြစ်လာပြီဆိုရင် အဲဒီနေရာ မှာ တာဝန်ရှိတဲ့သူတွေက ဖော် ထုတ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ စီမံကိန်းချပြီး လုပ်နိုင်မှာ ဖြစ်တယ်''ဟု ပထဝီနိုင်ငံရေးရာ ကျွမ်းကျင်သူ တစ်ဦးက ပြော သည်။
မြန်မာနိုင်ငံ၏ ရေမြေတော တောင်သည် များစွာကျယ်ပြန့်သော အနေအထားတွင်ရှိနေပြီး လူဦးရေ စိမ့်ဝင်နိုင် သည့် အချို့သော နေရာ များတွင် သစ်တောနှင့် ပင်လယ်ရေ ဝေတောင်တန်းများ ရှိနေခြင်း ကြောင့် တံတိုင်းကာရန်၊ စည်းသတ် မှတ်ရန်ကိစ္စမှာ အခက်အခဲရှိပြီး နိုင်ငံတွင်း အတည်ပြု ထားသော ဥပဒေများကို နှစ်ဦးနှစ်ဖက် လိုက် နာရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် လတ် တေ လာ အလယ်၊ အလတ်၊ ရေ ရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင် ရန် လိုအပ်ကြောင်း ဦးကိုကိုလှိုင် က ပြောသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသား ဖြစ်မှုဥပဒေနှင့် ယင်းဥပဒေအသက် ဝင်မှုသည် အရေးကြီး ကိစ္စ ဖြစ် ကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့် ငြိစွန်း သူများအပေါ် ဥပဒေအရ ကိုင်တွယ် ရန်လိုအပ်ေ ကြာင်း ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက ပြော သည်။

''ဒါက တရုတ်ရယ်၊ ဘင်္ဂါလီ ရယ်ခွဲနေတာမဟုတ်ပါဘူး။ နိုင်ငံ သားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်လို့ တစ်ပြေး တစ်ညီ တည်း အားလုံးနဲ့ ပတ်သက်ပြီး စဉ်းစားရမှာပါ''ဟု ၄င်းက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံသို့ တရား မဝင်နိုင်ငံသားအဖြစ် စိမ့် ဝင်လာခြေရှိသည့် အရပ်ဒေသ (နယ်မြေထိ စပ်နေရာ၊ အတူတကွ နေထိုင်ရာနေရာ)များရှိ လူမျိုးများ အား လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပေးထား သည့် နိုင်ငံသားစိ စစ်ရေးကတ်များကို စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ယခင်ခြစားလာဘ်စားမှု များကြောင့်မှားယွင်းစွာ ရှိနေနိုင် သည့်အခြေအနေများကို သေချာ စိစစ်ရန် လိုကြောင်း အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေး မောင်က ပြောသည်။
မြန်မာနိုင်ငံသည် လူဦးရေ များပြားသော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အစရှိသည့်နိုင်ငံများ နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိ ပြီး ယင်းနိုင်ငံများမှ မြန်မာနိုင်ငံ သို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံသား များရှိနေကြောင်း သိရ သည်။


From- Popular Myanmar News Journal‎

No comments:

Post a Comment