Monday, October 8, 2012

အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းသည် ပုဂ္ဂိုလ်ရေးအရမဟုတ်ကြောင်း ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့် ပြော

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ယနေ့နံနက်၁၀နာရီ တွင်စတင်ကျင်းပနေပြီဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန်လက်ခံရခြင်းသည် ဥပဒေနှင့်အညီသာပြုလုပ်ရခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး အရ ပြုလုပ်ခြင်း မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က လွှတ်တော်သို့ ၁နာရိခွဲခန့်ကြာပြောကြားသော မိန့်ခွန်းရာတွင် ထည့်သွင်းပြောကြား သွားသည်။

ယနေ့ကျင်းပမည့် လွှတ်တော်အစည်းအဝေးအစီစဉ်များတွင် နံနက်ပိုင်း၌ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦး က မေးခွန်း၁၀ခုမေးမြန်းသွားမည်ဖြစ်ပြီး နေ့လည်ပိုင်းပြုလုပ်မည့်အစီစဉ်များတွင် ဘတ်ဂျတ်ကိစ္စရပ်များကို ဦးစားပေးဆွေးနွေး သွားမည်ဖြစ်သည်။ထို့ပြင် အဆိုပါအစီစဉ်များ၌ အထူးအဆိုတစ်ရပ်နှင့် အရေးကြီးအဆို တစ်ရပ်ကို ဆွေးနွေးရန် ထည့်သွင်း ဖော်ပြထားသည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် ယနေ့ စတင်ကျင်းပသည့် စတုတ္ထပုံမှန်အစည်းအဝေးတွင် စွပ်စွဲပစ် တင်ခြင်း အဆိုကို ဆွေးနွေးဆောင် ရွက်မည်ဖြစ်သည်။

ထို့ပြင် ပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီးမျိုးသန့်သည် ရေကြည်မြို့နယ်ရှိ ပြည်သူများအား ရိုင်းပြစွာပြောဆိုမှုကို မကျေနပ်သည့် ဒေသခံများ တိုင်ကြားမှုအပေါ် သက်ဆိုင်ရာ ရဲချုပ်ရုံးက စစ်ဆေးပြီး စက်တင်ဘာ ၂၁ရက်တွင် ရဲရေး ချုပ်ရှေ့မှောက်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး သတိပေးမှုပြုလုပ်ဆောင်ရွက်ပြီးဖြ
စ်ကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်ကပြောသည်။
 
From- 7Day News Journal

No comments:

Post a Comment