Monday, October 8, 2012

ဌာနပိုင်ဆိုင်ခန်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရ

သာကေတမြို့နယ်၊ (၁) အနော်မာရပ်ကွက်ထိပ်ရှိဟိုတယ်၊  ခရီးဝန်ကြီး ဌာနပိုင်လူနေဆိုင်ခန်း များနှင့် ပတ်သက်ပြီး အဆိုပါ ဆိုင်ခန်းများအနီး အနားတွင် နေသောသူတစ်ဦးကအခုလို ဆက်သွယ်ပြောကြားခဲ့ပါသည်။
“ဂျာနယ်မှာရေးတဲ့အကြောင်း အရာတွေထဲက ခိုးယူခံရတဲ့ ပစ္စည်း  စာရင်းအတိအကျမသိပေမဲ့ဖြစ်စဉ် ကတော့ အားလုံးအမှန်တွေကြီး ပါပဲ။ အဲဒီသတင်းဖတ်ရတုန်းက ကျွန်တော်တို့တွေ စောင့်ကြည့်ကြ  သေးတယ်။
ဘာထူးမလဲပေါ့။ ပို နေမြဲကျားနေမြဲအတိုင်းပါပဲ။ ဂျာနယ်ထဲပါ လာ တာတောင်သိရဲ့ လားမသိဘူး။ ၀န်ကြီးဌာနကို ပြောတာပါ။ အခုလက်ဖက်ရည် ဆိုင်တောင်အသစ် ဖွင့်လိုက်သေး  တယ်။ ဆိုင်ခန်းတွေမဆောက်ခင် တုန်းက အဲဒီဂိုဒေါင်တွေထဲမှာ ကျွန်တော်တို့ဘောလုံးကန် တယ်၊  ခြင်းခတ်တယ်။ အဲဒီလိုအားကစား  တွေ လုပ်လို့ရတယ်။ တရားပွဲတွေ  ဆိုလည်း ကျွန်တော်တို့ပဲဦးစီးပြီး အဲဒီထဲမှာလုပ်တာ။ အခုတော့ ဘာမှလုပ်လို့မရတော့ဘူး။ အရုဏ်ဆွမ်းလောင်းဖို့တောင်နေ ရာ  ပျောက်သွား တယ်။ မနက်ဆိုရင်  မိုးမလင်းသေးဘူးအရက်ဆိုင်က ဖွင့်နေပြီ။ ဘယ်လိုအရွယ်တွေ  သောက်နေသလဲဆိုတာ တာဝန်ရှိ သူတွေကို လာကြည့်စေချင်တယ်။  အရက်ရောင်းတဲ့ ဆိုင်တွေက အပြိုင်အဆိုင်ဆိုတော့ ညဆိုရင်  မိန်းကလေးတွေ အဲဒီထိပ်ကို သိပ်သွားလို့မကောင်းဘူး။ တာဝန်ရှိတဲ့ ရဲတွေကညဥ့်နက်ရင် အဲဒီဆိုင်တွေမှာ လာစားသောက် ကြတော့ ဘယ်လိုလုပ်မလဲ။ ရဲမရှိ တဲ့နေ့တွေဆိုရန်ဖြစ်ကြတယ်။  ရန်ပွဲပြီးတော့ ရဲလာတယ်။ အဲဒီ လိုဖြစ်ရတယ်။ ဘောလုံးပွဲရှိတဲ့ ညဆိုပိုဆိုးတယ်။ ဆူညံအော်ဟစ် နေကြတာပတ်ဝန်းကျင်ကိုအားမနာ ဘူး အမိန့်ရနေတဲ့ အတိုင်းပဲ။ -၀န်ကြီးဌာနကလည်း ပိုက်ဆံရရင် ပြီးရော ဘယ်သူတွေဘာဖြစ်ဖြစ် သူတို့နဲ့ မဆိုင်ဘူးလို့ထင်နေတယ် နဲ့တူတယ်။ သူတို့အိမ်နားမှာ အဲဒီ  လိုဆိုင်မျိုးတွေဖွင့်ထားစေချင်တယ်။  ဒါမှ သူတို့လည်းခံစားဖူးမှာ”ဟု ရင်ဖွင့်ပြောကြားခဲ့သည်။
ဒါအပြင် CS2A လိုင်ရပြီး ဖွင့်ထားဆိုင်ပိုင်ရှင်တစ်ဦးကလည်း   “ကျွန်တော်တို့က ခရိုင်ကော်လိပ်  တော် အရာရှိလက်မှတ်နဲ့ တရား  ၀င်ဖွင့်ထားတာပါ။ နှစ်စဉ်ဒီဇင် ဘာရောက်တိုင်းအခွန်ဆောင်ရပါ တယ်။ အခုလို လမ်းထိပ်မှာ တရားမ၀င်အရက်ဆိုင်တွေဖွင့်တော့ ကျွန်တော်တို့နစ်နာပါတယ်။ သူတို့က အဖြူ၊ အနီ၊ ဘီယာ ရောင်းတော့ တကယ်တမ်းအခွန် ပေးဆောင်နေတဲ့  FL 12 ဆိုင်တွေလည်း နစ်နာပါတယ်။ တာဝန်ရှိသူတွေက မသိတာလား မသိချင်ယောင်ဆောင်နေတာလား ဆိုတာမေးစရာပါ။ ကျွန်တော်တို့ က သတ်မှတ်ချိန် ဖွင့်ရ၊ ပိတ်ရ တယ်၊ သူတို့ကတော့ အချိန်ပြည့် ဖွင့်နေတာပဲ”ဟု ပြောသည်။
အဆိုပါ လူနေဆိုင်ခန်းများ နှင့် ပတ်သက်ပြီး Hot News  ဂျာနယ် အမှတ် (၁၀၂) ၌ ဆောင်းပါးရှင် ကလောင်ပျံက ခရေစေ့တွင်းကျကျရေးသားခဲ့သော်  လည်း ယနေ့အထိအရေးယူဆောင်  ရွက်မှုမရှိကြောင်း လည်းပြောသည်။

From- hotnewsweekly

No comments:

Post a Comment