Monday, October 8, 2012

ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့တွင် ယနေ့ထပ်မံဆန္ဒပြမည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားခရိုင်နှင့် နေရာအချို့တွင် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံဃာများက ယနေ့မွန်းလွဲပိုင်းတွင်လည်း ထပ်မံဆန္ဒပြဦးမည်ဟု သိရှိရသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြည်သူ့ယင်ပြင်ရှေ့တွင်စုဝေးကာ အင်းလျားလမ်းရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ သို့ သွားရောက် ဆန္ဒထုတ်ဖေါ်မည်ဟု ယခုလောလောဆယ်ရရှိသည့် သတင်းများအရ သိရသည်။
ယခင်သီတင်းပတ် ကြာသာပတေးနေ့နှင့် သောကြာနေ့များတွင် အသီးသီးဆန္ဒထုတ်ဖေါ်ခဲ့ကြရာ ယနေ့ဆန္ဒပြမှု သည် တတိယနေ့မြောက် ဆန္ဒပြမှု ဖြစ်မည်ဖြစ်သည်။ ။
From- Yangon Press International

No comments:

Post a Comment