Wednesday, October 17, 2012

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ပြည်သူ့ပါတီ ပီပီ လုပ်ဆောင်သွားကြရန် သူရဦးရွှေမန်းမှာကြား

ပါတီတွင်းဒီမိုကရေစီကျင့်စဉ်များ ကျင့်သုံး၍ နိုင်ငံတော်ပြုပြ င်ပြောင်း လဲရေးလုပ်ငန်းစဉ်များ၌ ပါတီနှင့်ပြည်သူတသားတည်းဖြစ်စေ ရန်အ တွက် ဆောင်ရွက်သွားကြရန် ပါတီဝင်ကိုယ်စားလှယ်များအား ပြည် ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌက ပါတီညီလာခံ စတုတ္ထနေ့၌ ပြောကြား ခဲ့သည်။

“ ပြည်သူ့ပါတီပီပီ ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်များနဲ့ နိုင်ငံအတွင်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့၊ ပါတီနဲ့ ပြည်သူတစ်သားတည်း ဖြစ်စေဖို့ ပါတီဝင်အားလုံး က ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ သူရ ဦးရွှေမန်းက အမှာစကား ပြောကြားခဲ့သည်။

အောက်တိုဘာလ(၁၇)ရက်နေ့၌ ပြုလုပ်သည့် ပထမအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံ စတုထ္ထမြောက် နေ့ ၌ နံနက် ၉နာရီ ၁၀မိနစ်အချိန်တွင် ပါတီဥက္ကဋ္ဌကြီးနေရာ တာဝန်ယူမည့် သူရဦးရွှေမန်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။


ပါတီညီလာခံတတိယမြောက်နေ့ နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြင်ဆင် ရန် အဆိုတင်သွင်းခြင်း ၊ ထောက်ခံခြင်းနှင့်ပါတ်သတ်၍ ညီလာခံကိုယ်စားလှယ်များ၏ ဆန္ဒသဘော ထားရယူ၍ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သလို ညနေပိုင်း၌ ဗဟိုကော်မတီဝင်များ။အရန်ဗဟို ကော်မတီဝင်များ ၊ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဥက္ကဌ၊နာယက အဖွဲ့၊ ဒုဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဘက်အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများအား ရွေးချယ် ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီညီလာခံ တတိယမြောက်နေ့၌ ပါတီကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြှောက်မှုအရဥက္ကဌ ဦးသိန်းစိန်၊ ဒု-ဥက္ကဌ သူရ ဦးရွှေမန်း၊ သူရဦးအေးမြင့်၊ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်း၊တွဲဖက်အတွင်းရေးမှူး ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်အောင်မြင့်၊ ဦးသိန်းဆွေ၊ ဦးအောင်ကို၊ ဗဟိုအကြံပေး ဦးသောင်း၊ ဦးမောင်ပါ၊ ဒေါက်တာ ချမ်းငြိမ်း ၊ ဒေါက်တာ မြဦး၊ အတိုင်ပင်ခံ ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးတင်ထွဋ်တို့ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော် သမ္မတတာဝန်ကို ထမ်းဆောင်နေရသည့်အတွက် ဒု- ဥက္ကဌ ဦးရွှေမန်းက ပါတီ ဥက္ကဌ တာဝန်ကို ပူးတွဲ ထမ်းဆောင်ရမည်ဖြစ်သည်။

ပထမအကြိမ်ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီညီလာခံ ပထမနေ့၌ ပြည်ခိုင်ဖြိုးပါတီဝင်ပေါင်း (၉၄၆) ဦးတက်ရောက်၍ ဒုတိယနေ့တွင် (၉၁၂)ဦး တက်ရောက်ကာ တတိယနေ့နှင့် စတုထ္ထမြောက်နေ့တွင်လည်း (၉၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ညီလာခံပထမနေ့၌ ပြည်နယ်အလိုက် ပါတီအတွင်း လုပ်ဆောင်ချက်များအား စာတမ်းဖတ်ကြားခဲ့ပြီး၊ ဒုတိယနေ့တွင် ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးရရှိရေးအတွက် ပြည်သူများနှင့် လက်တွဲ ကြိုးပမ်း ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါတီတွင်း ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး၊ ပြည်သူ့ပါတီအဖြစ် အသွင်သဏ္ဍန်နှင့် အနှစ်သာရပါ ပြည့်စုံစေရန် ကြိုးပမ်းအကောင်အ ထည်ဖော်ရေးခေါင်း စဉ်ဖြင့် ၄င်းပါတီအတွင်းရှိ ပြည်နယ်အတွင်းရေးမှူးအသီးသီးက စာတမ်းဖတ်ကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment