Thursday, October 18, 2012

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
''လက်ရှိ အတိုင်း ပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပြုလုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။ နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံးတွင် ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေးမှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အပါအဝင် နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်းတို့နှင့်အတူ ဝိဇ္ဇာ၊ သိပ္ပံနှင့်ဝိပ္ပံဘာသာရပ်ခွဲခြင်းတို့ကို ပညာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို အခြေခံကာ
ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ
ပြောသည်။

သို့သော်မေးခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ ပေါက်ကြားရန် ခက်သည်ဟု တွဲဖက်ပါမောက္ခက ထပ် လောင်း ဆိုသည်။

ရန်ကုန် တက္ကသိုလ်က ကထိက ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန် အစီအစဉ်ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ ဝါရင့်တက္ကသိုလ်ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်းတို့ကို အခြေပြုကာ ၄င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု မှတ်ချက်ပြုသည်။

Popular Myanmar News Journal

1 comment:

  1. အရည်အချင်းရှိတာကိုမွေးထုတ်ချင်တာလား ဒါမှမဟုတ်ကြက်တူရွှေးတွေကိုမွေးထုတ်ချင်တာလားကို မူတည်ပြီးတော့ ဆယ်တန်းမေးခွန်းကိုထုတ်ဖို.လိုသလို မျှတမှုကိုလည်းလုပ်သင့်တယ် တစ်နိုင်ငံလုံးမေးခွန်းတစ်စုံဖြေရစဉ်ကကျောင်းသားတွေကပိုအရည်အချင်းရှိသလိုဖြစ်နေတယ်။ တကယ်တော့ ကိုယ်တက်ချင်တဲ့ကျောင်းကို ကိုယ်ဘာသာ ဝင်ခွင့်ကို အပြိုင်အဆိုင်ဖြေပြီးအောင်မြင်ပြီးမှန်မှန်ကန်ကုန်တက္ကသိုလ်ဂုဏ်ကိုဘက်လိုက်မှုမရှိဆုံးဖြတ်တဲ့စနစ်ရလာရင်တော့သိပ်ကောင်းမှာပါ။

    ReplyDelete