Wednesday, October 10, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက် မိန့်ခွန်းပြောကြား နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် အောက်တိုဘာ  ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့ညနေ(၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင်ဘတ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးကြ သည်။


တွေ့ဆုံရာတွင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်အတူ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ စီးပွားရေး အသိဉာဏ်ပညာ ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးတို့က မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရတို့အကြား အကူအညီ ပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးတို့က မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန်လဲလှယ်ကြသည်။
From -သမ္မတရုံးဝဘ်ဆိုက်

No comments:

Post a Comment