Monday, October 15, 2012

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့်မပြုရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မှုများ စတင်

http://news-eleven.com/images/stories/oct12/we/821.jpg
အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၌ ဆန္ဒထုတ်ဖော်မှုများ စတင်

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၌ ဆန္ဒထုတ်ဖော်မှုများကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် သံဃာတော် အပါး ၁၀၀ ကျော်နှင့် ဒေသခံ ၂၀၀၀ ကျော် ပါဝင်ကြောင်း သိရပါသည်။
အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်
ရခိုင်ပြည်နယ် ရသေ့တောင်၌ ဆန္ဒထုတ်ဖော်မှုများ စတင်
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရသေ့တောင်ရှိ သံဃာတော်များနှင့် လူထု၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် "OIC အလိုမရှိ" ကြွေးကြော်သံများနှင့် အတူ သံဃာတော် အပါး ၁၀၀ ကျော်နှင့် မြို့ခံလူထု ၁၀၀၀ ကျော်တို့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရပါသည်။ 

အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ
ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ သံဃာတော်များနှင့် လူထု၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

အင်အား ၅၀၀ ခန့်ရှိသော ဆန္ဒထုတ်ဖော်သူ သံဃာတော်များနှင့် လူထုသည် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးမှ ဆူးလေသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့် ပြုခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ကန့်ကွက်ခြင်း အပါအ၀င် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်း ဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀
ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင်တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ရန်ကုန်မြို့တွင် ယနေ့၌ ဆန္ဒ ဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒ ဖော်ထုတ်မည့် လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော် အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖက်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပါသည်။
အောက်တိုဘာလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ
OIC နှင့် ပတ်သက်သည့် အကြောင်းအရာအား ယနေ့တွင် ဆန္ဒထုတ်ဖော်တော့မည် မဟုတ်

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့် အကြောင်းအရာအား ယနေ့တွင် ဆန္ဒဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒဖော်ထုတ်မည့်လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော်အရှင်ဦးခေမာစာရထံမှ သိရှိရသည်။

သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖက်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။

အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ထားခြင်းအား ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီဆက်ဆံရေးရုံး(OIC ရုံးမဟုတ်ပါ) ကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) က သူ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။

''သမ္မတနဲ့ အစိုးရအဖွဲ့က အခုလိုတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မန္တလေးကကျောင်း အပါအ၀င် အခြားမြို့တွေက ကျောင်းတိုက်တွေကို OIC နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မတောင်းဆိုဖို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အစိုးရကပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရင် ပြည်သူကလည်း အစိုးရကို အသိအမှတ်ပြုမှာပါ။ ရှေ့ဆက်ပြီး ပြည်သူရဲ့ဆန္ဒကို ဦးစားပေးတဲ့အစိုးရအဖြစ် ရပ်တည်သွားပြီး ဒီမိုကရေစီရေး ပိုမိုပီပြင်အောင် ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်'' မိန့်ကြားပါသည်။            

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့်မပြုရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 
မူရင်းသတင်း -  Eleven Media Group 

No comments:

Post a Comment